တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုရှင် ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

2021.12.17
တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုရှင် ဗိုလ်ကလေးတင့်အောင် ကွယ်လွန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဗိုလ်ကလေးတင့်အောင် ကို တွေ့ရစဉ်
Photo: Facebook

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တစ်သက်တာရုပ်ရှင်ထူးချွန်ဆု တက်ရောက် ချီးမြှင့်ပေးခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဗိုလ်ကလေးတင့်အောင်ဟာ ဒီဇင်ဘာလ ၁၆ ရက် မနေ့ညပိုင်းမှာ ကွယ်လွန်သွားပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးကလည်း ဗိုလ်ကလေးတင့်အောင် ကွယ်လွန်တယ်ဆိုတာ မှန်ကန်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က ရေးသားထားပါတယ်။

ရွှေဂုံတိုင်အထူးကုဆေးခန်း (SSC) မှာ ဆေးကုသမှု ခံယူနေရစဉ်မှာပဲ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန် မှာ အသက် ၁၀၀ ရှိပြီဖြစ်ပါတယ်။

ဗိုလ်ကလေးတင့်အောင်ဟာ ဂီတစာဆို၊ ရုပ်ရှင်ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်သလို အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဗိုလ်ကလေးတင့်အောင်ကို ၁၉၂၂ ခုနှစ်မှာ ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့မှာ မွေးဖွားခဲ့ပြီး နယ်ချဲ့ တော်လှန်ရေးအတွက် ဗမာ့လွတ်လပ်ရေးတပ်မတော်မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။