ဘီလ်ရစ်ချတ်ဆန်ရဲ့ခရီးကနေ လူသားချင်းစာနာမှုကူညီခွင့် ရလာနိုင်မယ်လို့ အမေရိကန်အစိုးရ မျှော်လင့်

2021.11.02
ဘီလ်ရစ်ချတ်ဆန်ရဲ့ခရီးကနေ လူသားချင်းစာနာမှုကူညီခွင့် ရလာနိုင်မယ်လို့ အမေရိကန်အစိုးရ မျှော်လင့် အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂဆိုင်ရာသံအမတ်နဲ့ နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်။
File Photo: AFP

အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂဆိုင်ရာသံအမတ်နဲ့ နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အမေရိကန်အစိုးရကိုယ်စား စေလွှတ်တာ မဟုတ်ပေမယ့် သူ့ခရီးစဉ်ကနေ မြန်မာပြည်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခွင့်တွေ ရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက RFA ကို နိုဝင်ဘာလ ၂ ရက် မနေ့က အီးမေးလ်ကနေတဆင့် ပြောပါတယ်။

မြန်မာပြည်မှာ ကျန်းမာရေးကဏ္ဍနဲ့ လူသားချင်းစာနာမှုအတွက် ပုံမှန်အချိန်ထက်ကို အကူအညီတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။ အမေရိကန်အစိုးရအနေနဲ့တော့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေ လွှတ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးမှာကို မပိတ်ပင်ဖို့နဲ့ ကျန်းမာရေးနဲ့အကူအညီပေးမယ့် ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အာမခံဖို့ ဆက်ပြီး တောင်းဆိုနေတယ်လို့လည်း နိုင်ငံခြားရေးဌာနရဲ့ဖြေကြားချက်မှာ ရေးသားထားပါတယ်။

ဘီလ်ရစ်ချတ်ဆန် မြန်မာပြည်ကိုသွားဖို့ ပုဂ္ဂလိကဆိုင်ရာ သူ့တဦးချင်းသဘောအရ ကြိုးပမ်းအားထုတ်ခဲ့တာကို အမေရိကန်အစိုးရပိုင်းက သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ လူသားချင်း စာနာမှုကူညီရေးဆိုင်ရာကိစ္စတွေမှာ အတွေ့အကြုံရင့်ကျက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။