ခေတ်မီ လျှပ်စစ်ဓါတ်အား စက်ရုံဆောက်ရန် ဂျပန် သဘောတူ
2014.04.06

မြန်မာနိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုက် မီးခိုးငွေ့ အထွက်နည်းပါးတဲ့ နောက်ဆုံးပေါ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရေး အတွက် Sumitomo Mitsui Bank အဖွ့ဲ က ယန်းငွေ သန်းပေါင်း ၂၆ဝဝ နီးပါး ထုတ်ချေးဖို့ သဘောတူညီ လိုက်ကြောင်း ဂျပန်နိုင်ငံထုတ် Nikkei သတင်းစာက ဒီနေ့ ရေးသားဖေါ်ပြလိုက်ပါတယ်။
ဂျပန် အကြီးစားစက်မှုလုပ်ငန်း ကုမ္ပဏီတစ်ခုက ထိုင်း စက်မှုကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး လျှပ်စစ်ဓါတ်အား ကီလိုဝပ် ၁၃ သိန်နီးပါး ထုတ်လုပ်နိုင်မယ့် လျှပ်စစ်ဓါတ် အားပေးစက်ရုံကို အခုနှစ်ကုန်ပိုင်းလောက်မှာ စတင် တည်ဆောက်မှာ ဖြစ်ကြောင်း၊ ၂ဝ၁၈ခုမှာ ပြီးစီး မှာ ဖြစ်ကြောင်း အဲဒီသတင်းမှာ ဖေါ်ပြထားပါတယ်။
လျှပ်စစ်ဓါတ်အား ကီလိုဝပ် ၁ဝ သိန်း ထုတ်လုပ်နိုင်မယ့် အလားတူ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ နှစ်ရုံ ကို မလေးရှားနိုင်ငံမှာလည်း တည်ဆောက်ပေးသွားဖို့ Mitsui အကြီးစားစက်မှုလုပ်ငန်း ကုမ္ပဏီကြီး က သဘောတူလိုက် ပြီဖြစ်ပြီး လာမယ့် လအနည်းငယ် အတွင်း လက်မှတ်ရေးထိုးမှာ ဖြစ်ကြောင်း နစ်ကဲအိ သတင်းစာ က ရေးသားဖေါ်ပြလိုက်ပါတယ်။