နိုင်ငံခြား ဘဏ်ခွဲစာရင်း စက်တင် ဘာလကုန်မှာ ကြေညာမည်


2014.09.26

မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်ခွဲတွေဖွင့်ခွင့်ပြုမယ့် စာရင်းကို အခုစက်တင်ဘာလကုန်မှာ ကြေညာမှာဖြစ်ကြောင်း မြန် မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင်က ကတိပြုပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ညီလာခံပြင်ပမှာ လုပ်ငန်းရှင်တွေကို ပြောဆိုခဲ့တာဖြစ်ကြောင်း ရိုက်တာ သတင်းကဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ်ခွဲဖွင့်လှစ်ဖို့ အဆိုပြုထားတဲ့ဘဏ်တွေထဲက ရွေးချယ်ခံရတဲ့ ဘဏ်စာရင်းကို ဒီလကုန်မှာ ကြေညာ မှာဖြစ်ကြောင်း၊ ရွေးချယ်ထားတဲ့ဘဏ်ငါးခုကနေ ဆယ်ခုကြားရှိကြောင်း၊ မျှော်လင့်တာထက် နည်းနည်း နောက်ကျသွား တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စိတ်ရှည်သည်းခံကြစေလိုကြောင်း ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

ဝေါစထရိ ဂျာနယ်ကတော့ ဟောင်ကောင်က FTI အတိုင်ပင်ခံကုမ္ပဏီ ညွှန်ကြားရေးမှူး စတူးဝပ် စစ်ချယ်က  မြန်မာ အနေနဲ့ အခုလို အစပိုင်းဆုံးဖြတ်တဲ့နေရာမှာတောင် ဒီလောက် အချိန်ကြာနေတယ်ဆိုရင် နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့  မြန်မာဟာ သူတို့အလုပ်လုပ်ချင်တဲ့နေရာမဟုတ်ဘူးလို့ ထင်မြင်ယူဆသွားနိုင်ကြောင်း ဝေဖန်ပြောဆို ခဲ့ကြောင်း ဖေါ်ပြပါတယ်။

အဲဒီလို ဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင်က လူအတော်များများက မြှုပ်နေ တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မမြင်ကြပါဘူး၊ ဒါပေမဲ့ အဲဒီ မမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မရှိဘဲနဲ့ မြင်သာတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်မလာနိုင်ပါဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ကြောင်း ဝေါစထရိ ဂျာနယ်က ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။