မြန်မာစစ်တပ်ကို ဖိအားပေးဖို့ အမေရိကန်နဲ့အာဆီယံ ဆွေးနွေး

2021.09.23
မြန်မာစစ်တပ်ကို ဖိအားပေးဖို့ အမေရိကန်နဲ့အာဆီယံ ဆွေးနွေး စက်တင်ဘာ ၂၃ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ ဆွေးနွေးပွဲ ပြင်ပမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့စဥ်။
Photo: Reuters

 မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ စက်တင်ဘာလ ၂၃ ရက် ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

နယူးယောက်မြို့မှာ လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆွေးနွေးပွဲ ပြင်ပမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာလာအောင် မြန်မာစစ်တပ်ကို ဖိအားပေးတောင်းဆိုဖို့ အရေးတကြီး လိုအပ်နေတဲ့အကြောင်း ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။

ဒါ့ပြင် အာဆီယံ ဗဟိုအချက်အချာကျမှုအပေါ် အမေရိကန်ရဲ့ ကတိကဝတ်နဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံ မျှော်မှန်းချက်အတွက် အမေရိကန်ရဲ့ ပံ့ပိုးမှုကို နိုင်ငံခြားရေးဝန်ကြီး Blinken က အတည်ပြု ပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။