မင်းတပ်မြို့က လူမဲ့သပိတ်ပြုလုပ်သူ ခြောက်ဦး အဖမ်းခံရ

2021.04.24
မင်းတပ်မြို့က လူမဲ့သပိတ်ပြုလုပ်သူ ခြောက်ဦး အဖမ်းခံရ လူမဲ့သပိတ်ပြုလုပ်လို့ ဖမ်းခံရသူ ခြောက်ဦး ပြန်လွှတ်ပေးဖို့ ၂၀၂၁၊ ဧပြီ ၂၄ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့ မစျေးရှေ့မှာ တောင်းဆိုနေကြစဥ်
Photo: Citizen Journalist

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့မှာ ဒီနေ့ ဧပြီလ၂၄ ရက် မနက်အစောပိုင်းမှာ ဗိုလ်ချုပ်ပန်းခြံရှေ့မှာ လူမဲ့သပိတ်ကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဒေသခံ ခြောက်ဦးကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မင်းတပ်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အဖမ်းခံရသူ ခြောက်ဦးမှာ အမျိုးသမီး လေးဦးနဲ့ အမျိုးသား နှစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။

“ဒီနေ့ ဗိုလ်ချုပ်ရုပ်တုရှေ့မှာ လူမဲ့သပိတ်လုပ်နေတဲ့ အထဲက ၆ ယောက် အဖမ်းခံရတယ်။ အမျိုးသမီး လေးဦးနဲ့ အမျိုးသား နှစ်ဦးပေါ့ အဖမ်းခံရတယ်။ အခုဖမ်းထားတဲ့ သူတွေပြန်လွတ်ပေးဖို့ မင်းတပ် လူငယ်အဖွဲ့တွေက တောင်းဆိုနေကြတယ်။”

ဒီနေ့မနက်က ဗိုလ်ချုပ်ပန်းခြံရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းတွေနဲ့ လူမဲ့သပိတ် ပြုလုပ်နေစဉ်မှာ ပဲ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

သူတို့ ခြောက်ဦးကို ပြန်လွှတ်ပေးဖို့ ဒေသခံ ၁၀၀ ကျော်လောက်ဟာ မင်းတပ်မြို့ဈေးရှေ့မှာ မနက် ၁၁ နာရီလောက်ကနေ အခု ညနေ ၃ နာရီလောက်အချိန်အထိ စုရုံးတောင်းဆိုနေကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မင်းတပ်မြို့မှာ စစ်အာဏာဆန့်ကျင် ဆန္ဒပြတဲ့ အခြားလူငယ် ခြောက်ဦးကို စစ်တပ်က ဓာတ်ပုံတွေ လိုက်ကပ်ပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာဆန့်ကျင် ဆန္ဒပြတဲ့လူငယ်တွေနဲ့ ဦးဆောင်သူတွေကို ဖမ်းဆီးမှုတွေ ရှိလာပေမယ့် ချင်းပြည်နယ်က မြို့နယ်တွေမှာ ဆန္ဒပြမှုတွေကို ပုံစံမျိုးစုံနဲ့ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။