မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အဖမ်းခံရ

2021.04.15

စစ်ကိုင်းတိုင်း မုံရွာမြို့က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဒီကနေ့ နေ့လယ် ၂ နာရီ ကျော်လောက်မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ နီးစပ်သူတွေက RFA ကို အတည်ပြုပြောဆိုပါတယ်။

မုံရွာမြို့ စည်လမ်းမြို့မ ရွှေဂူကျောင်းနားမှာ ဆန္ဒပြသပိတ်စစ်ကြောင်း စထွက်ထွက်ချင်း သူစီးလာတဲ့ ဆိုင်ကယ်ကို ကားနဲ့ဝင်တိုက်ပြီး ဖမ်းသွားတာလို့ ဆန္ဒပြကျောင်းသားတစ်ဦးက RFA ကို ပြောပါတယ်။

ဘယ်ကို ဖမ်းခေါ်သွားသလဲ ဆိုတာ မသိရသေးသလို မုံရွာမြို့ ရဲစခန်းကို သွားရောက်စုံစမ်းချိန်မှာလည်း ရဲစခန်းမှာ မရှိတာကြောင့် သူ့ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေက စိတ်ပူနေကြတယ်လို့ဆိုပါတယ်။

ကိုဝေမိုးနိုင်ကို စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးမှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး လူသတ်မှုနဲ့ စစ်ကောင်စီက စွပ်စွဲ အမှုဖွင့်ထားသလို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့လည်း အမှုဖွင့်ထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဝေမိုးနိုင် ( မုံရွာ) နဲ့ ဒေါက်တာ တေဇာစန်း (မန္တလေး) တို့ရဲ့ အကောင့်တွေဟာ အခုလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ Blue Mark ရရှိထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။