နေပြည်တော် NLD ဥက္ကဋ္ဌ ဦးမင်းသူ အဖမ်းခံထားရ

2021.02.25
နေပြည်တော် NLD ဥက္ကဋ္ဌ ဦးမင်းသူ အဖမ်းခံထားရ နေပြည်တော်နယ်မြေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးမင်းသူ ကို တွေ့ရစဉ်
Photo: Ko Min Thu - facebook

နေပြည်တော်နယ်မြေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးမင်းသူဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်အစောပိုင်း နှစ်နာရီခန့်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင် တစ်ဦးက အတည်ပြုပါတယ်။

ဦးမင်းသူကို ဘယ်သူတွေက ဘယ်နေရာကို ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

NLD ပါတီ ပါတီဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးကလည်း ဦးမင်းသူ ရှောင်တိမ်းနေတဲ့နေရာကို သိရှိသွားပြီး လာရောက်ဖမ်းဆီးသွားတာလို့ သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီနေ့ ရေးသားထားပါတယ်။

ဦးမင်းသူဟာ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ၂ အဖြစ် NLD ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။