အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥတ္တရသီရိအမတ် အဖမ်းခံရ

2021.03.01
အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥတ္တရသီရိအမတ် အဖမ်းခံရ နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် ကို တွေ့ရစဉ်
ဓာတ်ပုံ - ဦးကျော်မင်းလှိုင် - Facebook

ဒီကနေ့ မတ်လ ၁ ရက် မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ မြို့နယ် NLD အဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီခွဲလောက်မှာ ဦးကျော်မင်းလှိုင် ဟာ ဥတ္တရသီရိမြို့နယ် နေအိမ်အနီးက လက်ဖက်ရည် ဆိုင်တစ်ဆိုင်မှာ ရှိနေစဉ် သေနတ်တွေ ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ ( စရဖ ) လို့ ယူဆရသူတွေ ရောက်လာပြီး ဖမ်းဆီးသွားတာလို့ အမည်မဖော်လိုတဲ့ အဖွဲ့ချုပ်လူငယ်တစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော် ပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးကလည်း ဦးကျော်မင်းလှိုင် အဖမ်းခံလိုက်ရကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အတည်ပြုပြောကြားခဲ့ပြီး၊ ရဲတပ်ဖွဲ့ က ဒီရက်ပိုင်းမှာ NLD ပါတီကိုဖျက်သိမ်းပြီး လွှတ်တော်အမတ်တွေနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တွေကို ဖမ်းဆီးမယ်လို့ သတင်းရကြောင်း၊ ဒါ့ကြောင့် လုံခြုံရေးဂရုစိုက်ဖို့လိုကြောင်း သတိပေးနှိုးဆော်ထား ပါတယ်။

ဦးကျော်မင်းလှိုင် ကို ဘာကြောင့်ဖမ်းသလဲဆိုတာ သိနိုင်ဖို့အတွက် နေပြည်တော် ဥတ္တရသီရိရဲစခန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။