ကလေးမြို့မှာ CDM ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ဖမ်းဆီးခံရ

2021.04.22
ကလေးမြို့မှာ CDM ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ဖမ်းဆီးခံရ CDM ပါဝင်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့က အုပ်ချုပ်ရေးမှူးဟောင်း ဦးဇာတုလျန် ခေါ် ပါတူး ကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်သွားစဉ်
Photo: Citizen Journalist

ဧပြီ ၂၂ ရက်၊ မနေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ CDM ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇာတုလျန် ခေါ် ပါတူး ကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ညောင်ပင်သာရပ်ကွက်နေအိမ်မှာ ရှိနေချိန် ညနေ ငါးနာရီခန့်မှာ စစ်ကား ရှစ်စီးနဲ့ လာရောက်ဖမ်းသွားတယ်လို့ ဆိုပါတယ်။ ပြီးတော့ ရဲနဲ့ စစ်သားတွေက သူသွားလာတဲ့ နေအိမ်တွေကိုလည်း ရှာဖွေတာတွေရှိတယ်လို့ RFA ကို ပြောပါတယ်။

ဦးဇာတုလျန် ခေါ် ပါတူးဟာ CDM လုပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ပြီးတော့ မိသားစုဝင် လေးဦး ရှိပါတယ်။

ဒီနေ့ ကလေးမြို့မှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် စစ်ကြောင်းတွေကို စစ်တပ်နဲ့ ရဲတွေက လမ်းကြိုလမ်းကြားထဲထိ ရောက်လာပြီးတော့ ​ဖမ်းဆီးဖို့လုပ်ဆောင်တာတွေကြောင့် လူစုခွဲလိုက်ရတယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။

ကလေးမြို့မှာ ဆန္ဒပြရာမှာပါဝင်ရင်း ဖမ်းဆီးခံရသူ ၂၅ ဦးထက်မနည်း ရှိတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။