စစ်ကိုင်းမြို့ဆေးရုံကနေ ပြောင်းရွှေ့ထားတဲ့ ဆေးရုံသုံးပစ္စည်းတွေ ရဲနဲ့တပ် ယူဆောင်သွား

2021.02.27
စစ်ကိုင်းမြို့ဆေးရုံကနေ ပြောင်းရွှေ့ထားတဲ့ ဆေးရုံသုံးပစ္စည်းတွေ ရဲနဲ့တပ် ယူဆောင်သွား စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆေးရုံက ဆေးရုံသုံးပစ္စည်းတွေကို ရဲတပ်ဖွဲ့က ယူဆောင်သွားတာကို တွေ့ရစဉ်
.

စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆေးရုံက ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် အလှူရှင်တွေ လှူဒါန်းမှုကနေ ရရှိထားတဲ့ ဆေးရုံသုံးပစ္စည်းတွေကို မြို့ခံတစ်ဦးအိမ်မှာ အခုလ ၂၀ ရက်နေ့က ရွှေ့ပြောင်းထားရှိထားတာကို မနေ့က တပ်နဲ့ ရဲက လာရောက်ယူဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီလိုယူဆောင်သွားတာကို ကန့်ကွက်တယ်လို့ စစ်ကိုင်းဆေးရုံကြီးက ကျန်းမာရေး ဝန်ထမ်းတွေက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဆေးရုံသုံးပစ္စည်းတွေကို ပရဟိတအသင်းတွေ ပြည်သူတွေရဲ့ သဘောတူညီချက်နဲ့ မြို့ခံ ဒေါ်ဖြူဖြူစစ် အိမ်မှာ ပြောင်းရွှေ့ထားတာဖြစ်ပြီး ပြောင်းရွှေ့ထားတဲ့ ပစ္စည်းတွေကို အခုလို အသိပေးခြင်းမရှိဘဲ ယူဆောင်သွားတာကို ကန့်ကွက်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ သဘောဆန္ဒနဲ့ ထပ်တူရှိမယ်လို့ ယုံကြည်ကြောင်း ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆန့်ဆေးရုံဝန်ထမ်းတွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လုပ်ဆောင်နေတဲ့အတွက် ဆေးရုံသုံး ပစ္စည်းတွေ ပျောက်ဆုံးမှာစိုးလို့ မြို့မိမြို့ဖ တစ်ဦးအိမ်မှာ အပ်ထားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။