ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးဆုံး မြန်မာ ဒုတိယနေရာရရှိ
2013.12.22

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးဟာ ဒီနေ့ ညနေပိုင်းမှာ ပြီးစီးသွားပြီဖြစ်ပြီး၊ မြန်မာနိုင်ငံက ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု စုစုပေါင်းဆုတံဆိပ် ၂၃၃ ခုနဲ့ နိုင်ငံအလိုက် ဒုတိယအဆင့်နေရာမှာ ရရှိခဲ့ပါတယ်။
နှစ်ပေါင်း ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လ က်ခံကျင်းပခဲ့တဲ့ ဒီဆီးဂိမ်းစ်ပြိုင်ပွဲမှာ အဆင်မပြေတာတွေ အနည်းအပါးရှိခဲ့ပေမယ့် ပြိုင်ပွဲတစ်ခုလုံးကို ဂယက်ရိုက်လောက်တဲ့ အားနည်းချိုယွင်းချက်တွေ မဟုတ်ခဲ့ဘူးလို့ အားကစားကလောင်ရှင် ကိုဇော်သက်ထွေးက ပြောပါတယ်။
ဆီးဂိမ်းပြိုင်ပွဲရဲ့ နိုင်ငံအလိုက် ပထမနေရာကို ထိုင်းနိုင်ငံက ရွှေတံဆိပ် ၁၀၇ ခု၊ ငွေတံဆိပ် ၉၄ ခု၊ ကြေးတံဆိပ် ၈၁ ခု ဆုတံဆိပ် စုစုပေါင်း ၂၈၂ ခုနဲ့ ရရှိခဲ့သလို ဗီယက်နမ်နိုင်ငံက ရွှေတံဆိပ် ၇၃ ခု ၊ ငွေတံဆိပ် ၈၆ ခုနဲ့ ကြေးတံဆိပ် ၈၆ ခု၊ စုစုပေါင်းဆုတံဆိပ် ၂၄၅ ခုနဲ့ နိုင်ငံအလိုက် တတိယနေရာကို ရပ်တည်နိုင်ခဲ့ပါတယ်။
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ဒီကနေ့ ညနေကျင်းပနေတဲ့ SEA Games ပြိုင်ပွဲပိတ်ပွဲ အခမ်းအနားကို နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ သံရုံးတာဝန်ခံတွေအပါအဝင် လူပုဂ္ဂိုလ် ၃ သောင်းကျော် တက်ရောက်နေကြပါတယ်။
အဲဒီ့အကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုမျိုးဇော်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။