စစ်အာဏာသိမ်း ၂၂ နှစ်မြောက် အထူးအစီအစဉ်

ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာနိုင်ငံကို မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်နဲ့ အုပ်ချုပ်ခဲ့ပြီး ၂၆ နှစ်တာ ကြာလာပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အဖက်ဖက်က ကျဆင်းနေချိန်မှာ တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ ၈၈၈၈ လူထုအုံကြွမှုကြီး ပေါ်ပေါက်လာခဲ့ပါတယ်။

2010.09.18

အဲဒီ လှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းပြီး ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် ၂၂ နှစ် ရှိသွားပြီ ဖြစ်ပေမယ့် အပြောင်းအလဲတွေ ဖြစ်မလာသေးပါဘူး။

မြန်မာနိုင်ငံမှာ တပ်မတော်က ၁၉၆၂ ခုနှစ်မှာတကြိမ်၊ ၁၉၈၈ ခုနှစ်မှ ာတကြိမ် ဆက်တိုက်ဆိုသလို စစ်အာဏာသိမ်းပွဲတွေ လုပ်ခဲ့ပါတယ်။ အဲဒီကာလတွေ အားလုံးကို ဖြတ်သန်းခဲ့ကြဖူးတဲ့ ဝါရင့် နိုင်ငံသမားတွေ၊ စစ်တပ် ခေါင်းဆောင်ဟောင်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်အမျိုးမျိုးကို မှတ်ချက်ပေး ပြောဆိုကြပါတယ်။

ဒီအကြောင်းတွေကို ဦးဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။