သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-16
စစ်ကောင်စီ စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ ထိုင်းနိုင်ငံကို ထွက်ခွာဖို့ပြင်ဆင်နေကြသလို တော်လှန်ရေးအင်အားစုတွေဆီ ဝင်ရောက်ဖို့ ချိတ်ဆက်နေတာတွေ အများအပြား ရှိနေပါတယ်။
2024-02-12
အင်္ဂလိပ်စကားမတတ်လို့ အနိုင်ကျင့်ခံရတာတွေကို ထိုးနှက်တုံ့ပြန်ရင်းက အခုတော့ UFC လက်ဝှေ့ကြိုးဝိုင်းထဲမှာ လက်ဝှေ့ကစားသမားတစ်ယောက်ဖြစ်လာနေပါပြီ။
2024-02-11
သားအတွက် ယူကျုံးမရဖြစ်ရပေမဲ့ သားဖြစ်သူ နိုင်ငံအတွက် ပေးဆပ်ခဲ့တာကြောင့် ဂုဏ်ယူနေတယ်လို့ ကိုထက်မြတ်စိုး (ခေါ်) သားထောင်ရဲ့ မိဘတွေကပြောပါတယ်။
2024-02-08
မြောက်ခင်ရန်းရွာမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတာ အမှုမှန်ပေါ်ပေါက်ဖို့ နိုင်ငံတကာကို တောင်းဆိုသလို၊ တော်လှန်ရေးအောင်နိုင်ရေး မလျှော့တမ်းတိုက်ပွဲဝင်ကြဖို့လည်း ကိုဖိုးတေရဲ့ဖခင် ဦးမြင့်ဇော်က တိုက်တွန်းပါတယ်။
2024-02-08
အာဏာသိမ်းစစ်ကောင်စီလက်အောက်က ပြည်သူတွေရဲ့ဘဝတွေဟာ အလွန်ခက်ခဲကြမ်းတမ်းနေပြီး ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းဖို့ အရေးကြီးတယ်လို့ NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ပြောပါတယ်။
2024-01-31
နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တော်လှန်ရေးအင်အားစုတွေက ကြေညာချက်ထုတ်ပြန်လိုက်ပြီး Silence Strike နဲ့ White Campaign တွေကို တစ်နိုင်ငံလုံးအနှံ့ ဖော်ဆောင်ဖို့နဲ့ ပြည်သူတွေအနေနဲ့ ဒီလူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
2024-01-30
မံစီမြို့နယ် မန်ဝိန်းကြီးရွာအနီးက စစ်ကောင်စီတပ်စခန်းကို KIA က ဇန်နဝါရီလ ၂၁ ရက်နေ့က တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်သား သုံးဆယ်ကျော်လည်း ဖမ်းဆီးရမိခဲ့ပါတယ်။
2024-01-24
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF အနေနဲ့ စစ်ကောင်စီထံက လစာနဲ့ ရိက္ခာမယူတော့ဘဲ သီးခြားရပ်တည်ဖို့ ကြိုးပမ်းနေတယ်လို့ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။
2024-01-22
ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက ဝင်ငွေခွန်ကောက်ယူဖို့ စစ်ကောင်စီက သက်ဆိုင်ရာ သံရုံးတွေကနေ ထုတ်ပြန်ထားပါတယ်။
2024-01-14
ဒုက္ခရောက်နေတဲ့ ပြည်သူ လေးသိန်းနီးပါးကို NUG က လစဉ် ထောက်ပံ့ပေးနေသလို လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ငါးသန်းကျော်ဖိုး ကူညီပံ့ပိုးခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
2024-01-13
ကော့ကရိတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ဖို့ ကြိုးစားနေကြပြီး မြို့ကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကျားဖြူတပ်ခွဲ (၁) ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဝင်းဇော်က ပြောပါတယ်။
2024-01-12
ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။
2024-01-12
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား အပစ်ရပ်စဲဖို့ သဘောတူညီချက်ဟာ တရုတ်အကျိုးစီးပွားတွေရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်သာ ဖြစ်နိုင်ပြီး ရခိုင်ပြည်နယ်က မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေဆဲပဲလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။
2024-01-10
မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ရန်ကုန်မှာ စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ပြီး အင်းစိန်ထောင်ကို ပို့ဆောင်ထားပါတယ်။
2024-01-02
မြစ်ဆုံအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ သဘောတူညီချက်တွေဟာ အာဏာမသိမ်းခင်ကအတိုင်း ဆက်ရှိမှာဖြစ်ပြီး၊ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ချုပ်ဆိုတဲ့ သဘောတူညီချက်တွေကိုတော့ တာဝန်မယူဘူးလို့လည်း ပြောပါတယ်။