မြောက်ခင်ရန်းရွာက မီးရှို့သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ဖို့ ဖခင်လိုလား
2024.02.08
မကွေးတိုင်း ဂန့်ဂေါနယ် မြောက်ခင်ရန်းရွာမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူနှစ်ယောက်ထဲက ကိုဖိုးတေ (ခေါ် ) ကိုမျိုးထက်အောင်ဟာ အသက် ၂ဝ ပဲရှိသေးပါတယ်။ သူဟာ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်မြင်ခဲ့ပြီးနောက် ယောကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ခဲ့ပါတယ်။ သူဒီလို ရက်ရက်စက်စက် သတ်ဖြတ်ခံရတာ အမှုမှန်ပေါ်ပေါက်ဖို့ နိုင်ငံတကာကို တောင်းဆိုသလို၊ တော်လှန်ရေးအောင်နိုင်ရေး မလျှော့တမ်းတိုက်ပွဲဝင်ကြဖို့လည်း သူ့ဖခင် ဦးမြင့်ဇော်က တိုက်တွန်းပါတယ်။ ဦးမြင့်ဇော်ကို စောဖိုးခွား မေးမြန်းထားပါတယ်။