သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-15
မန္တလေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်က အမျိုး ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့တွေအနေနဲ့ မူလအမည်ဖြစ်တဲ့ မဘသ အမည်နဲ့သာ ဆက်လက် ရပ်တည်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနထံ စာရေးသားပေးပို့ထားပါတယ်။
2017-06-15
စစ်ကိုင်းပညာရေးကောလိပ်ရဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက် ဆန္ဒပြခဲ့တာကြောင့် ထောင်ဒဏ် ၄ လ ချမှတ်ခံခဲ့ရပြီး ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားသမဂ္ဂဥက္ကဌ ကိုဇော်ရဲထွဋ်ဟာ ကျောင်းပြန်တက်ခွင့်ရပြီဖြစ်ပါတယ်။
2017-06-14
စင်္ကာပူနိုင်ငံ၊ Depot Road မှာရှိတဲ့ Interlace Condo ၁၉ ထပ်ကနေ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ ည က ခုန်ချ သေဆုံးခဲ့တဲ့ မြန်မာအိမ်အကူ မိန်း ကလေး မဇင်မာဦး ရဲ့မိသားစုတွေနဲ့ ဆက်သွယ် ထားပြီး မိသားစုရောက်ရှိလာမှ သဂြိုဟ်မှာဖြစ်တယ် လို့ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး ပထမအတွင်း ဝန် က ပြောပါတယ်။
2017-06-14
ကချင်ပြည်နယ် တနိုင်းမြို့နယ်က တရားမဝင် ရွှေနဲ့ ပယင်းမှော်တွေမှာ တပ်မတော်ကနယ်မြေရှင်းလင်းရေး ဆောင်ရွက်မှာဖြစ်တဲ့အတွက် မှော်အတွင်း နေထိုင်သူတွေကို မနက်ဖြန် ဇွန်လ ၁၅ရက်နေ့ နောက်ဆုံးထား ဖယ်ရှားဖို့ အသိပေးအကြောင်း ကြားထားပါတယ်။
2017-06-13
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တဲ့ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီက ရှမ်းပြည်နယ် ကျိုင်းတုံမဲဆန္ဒ နယ် အမှတ် ၂ ကိုယ်စားလှယ် ဦးရှာမွေလရှဲန် ကို NLD ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝဏ္ဏစိုးက ရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက် လွှာတင်ထားပါတယ်။
2017-06-13
ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသအတွင်းမှာရှိတဲ့ ဦးပိုင်ကုမ္ပဏီ ပိုင်လုပ်ကွက်မှာ ရေမဆေးကျောက်ရှာသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်သုံးသပ်နေပါတယ်။
2017-06-12
ဒီနှစ်မိုးတွင်းကာလမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းဟာ ကပ်ရောဂါအသွင်ဆောင်တဲ့ အနေအထားမျိုး မရောက်အောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စီမံချက်အနေနဲ့ တစ်ပြည်လုံးမှာ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာဇော်လင်းက ပြောပါတယ်။
2017-06-12
ကျူးကျော်နေအိမ်တွေဆိုရင် စတည်ကတည်းက ဖျက်သင့်ပြီး၊ အခုလိုဖျက်တာ နောက်တောင်ကျနေ တယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။
2017-06-11
မြန်မာအလုပ်သမားစေလွှတ်မှု ယာယီရပ်နားထား တဲ့ ၆ လတာကာလအတွင်း မလေးရှားနိုင်ငံရဲ့ စက် ရုံ၊ အလုပ်ရုံတွေဆီက အလုပ်သမားခန့်အပ်စာ ရှစ်ထောင်ကျော်ရောက်ရှိနေတဲ့အတွက် အလုပ် သမားတွေ ပြန်လည် စေလွှတ်နိုင်ဖို့ အလုပ်သမား ဝန်ကြီးဌာနထံ မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များအဖွဲ့ချုပ် (MOEAF)က အသ နားခံစာ တင်ပြထားပါတယ်။
2017-06-10
နယူးယောက်မြို့အခြေစိုက် CPJ သတင်းထောက်များကာကွယ်ရေးကော်မတီနဲ့ မြန်မာနိုင်ငံက Pen Myanmar အဖွဲ့တို့ရဲ့ မနေ့ကကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအကြောင်းနဲ့ပတ်သက်လို့ Pen Myanmar အဖွဲ့ ဥက္ကဌဦးမျိုးမြင့်ညိမ်းကို RFA ဝိုင်းတော်သားကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားတာနားဆင်နိုင်ပါပြီ။
2017-06-10
လွှတ်တော်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းဖို့အတွက် NLD ပါတီတွင်း စိစစ်ရေးကော်မတီကို တင်ပြရာမှာ ဒုတိယ အကြိမ်မြောက် ပယ်ချခံခဲ့ရတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ် က ပြောပါတယ်။
2017-06-09
သတင်းသမားတွေ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ အရေးယူခံနေတာနဲ့ ပတ်သက်လို့ သတင်းမီဒီယာ လွတ်လပ်ခွင့် ထိခိုက်နေပြီလို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် က သုံးသပ်လိုက်ပါတယ်၊၊ လက်ရှိ ဖြစ်နေတဲ့အခြေအနေတွေအပေါ် ဝန်ကြီးဟောင်း ဦးရဲထွဋ် ရဲ့ အမြင်တွေကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-06-08
၂၀၁၇ ကြားဖြတ်ရွေးကောက် ရလဒ်တွေနဲ့ ပတ် သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းထားတဲ့ အမှု ၆ မှုလုံးကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ခုံရုံးက စတင်စစ်ဆေး သွားမှာ ဖြစ်ပါတယ်။
2017-06-07
သတင်းသမားတွေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့အရေးယူခံနေရတဲ့အပေါ် အစိုးရအနေနဲ့ လည်း ဘာမှမှတ်ချက်ပေးပြောဆိုမှု မရှိသလို သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှာ တာဝန်ရှိတယ်လို့ သတင်းမီဒီ ယာကောင်စီဝင် ဦးမြင့်ကျော်က သုံးသပ်လိုက်ပါ တယ်။
2017-06-07
ကချင်ပြည်နယ် တနိုင်းမြို့နယ်က တရားမဝင် တူးဖော်နေတဲ့ ရွှေနဲ့ ပယင်းမှော်တွေမှာ အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်မှာဖြစ်တာကြောင့် အဲဒီဒေသတွေမှာ နေထိုင်လုပ်ကိုင်နေကြသူတွေဟာ တနိုင်းမြို့ကို ရွှေ့ပြောင်းလာနေကြပါတယ်။