တနိုင်းဒေသ မှော်တွင်းအခြေအနေ မေးမြန်းချက်
2017.06.14
ကချင်ပြည်နယ် တနိုင်းမြို့နယ်က တရားမဝင် ရွှေနဲ့ ပယင်းမှော်တွေမှာ တပ်မတော်ကနယ်မြေရှင်း လင်းရေး ဆောင်ရွက်မှာဖြစ်တဲ့အတွက် မှော်အတွင်း နေထိုင်သူတွေကို မနက်ဖြန် ဇွန်လ ၁၅ရက်နေ့ နောက်ဆုံး ထား ဖယ်ရှားဖို့ အသိပေးအကြောင်း ကြားထားပါတယ်။
အဲဒီလိုအကြောင်းကြားထားတာကြောင့် မှော်တွေကနေ ထွက်ပြေး တိမ်းရှောင်နေသူ ၅ထောင်ခန့် ရှိနေပြီဖြစ်ပြီး ခန္တီးမြို့ကို မနေ့ညက ၄၀၀ နီးပါး ရောက်ရှိလာပါတယ်။
ခန္တီးမြို့ကို ထွက်ပြေးလာသူတွေကို ကူညီပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးစဝီလီဖရန့်(စ်) ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။