ကျူးကျော်တွေကို ဖျက် တာ နောက်တောင်ကျနေကြောင်း ဦးဉာဏ်ဝင်း ပြောကြား
2017.06.12
ကျူးကျော်နေအိမ်တွေဆိုရင် စတည်ကတည်းက ဖျက်သင့်ပြီး၊ အခုလိုဖျက်တာ နောက်တောင်ကျနေတယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။
ကျူးကျော်ဆိုပြီး သတ်မှတ်ခံရတဲ့ပြည်သူတွေ သူတို့နေရာကနေဖယ်ရှားခံရတာနဲ့ပတ်သက်လို့ ဦးဉာဏ်ဝင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားပါတယ်။