နန်စီပွန်ဒေသ နောက်ဆက်တွဲအခြေအနေ မေးမြန်းချက်


2017.06.13

ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသအတွင်းမှာရှိတဲ့ ဦးပိုင်ကုမ္ပဏီပိုင် လုပ်ကွက်မှာ ရေမဆေးကျောက်ရှာသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး စုံ စမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်သုံးသပ်နေပါတယ်။

နန်စီပွန်ဒေသအတွင်း အကြမ်းဖက်မှုတွေ မဖြစ်စေရေးအတွက် ညွှန်ကြားချက်တွေချမှတ်ဆောင်ရွက်သွားမှာ ဖြစ် သလို ရဲဝန်ထမ်းအင်အားမလုံလောက်တဲ့အခါ တပ်မတော်ကနေ အင်အားတောင်းခံပြီး လုံခြုံရေးရယူသွားမယ့် အနေအထားတွေရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။

စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်းထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။