ကြားဖြတ်ရွေးကောက်ပွဲ ကန့် ကွက်လွှာ တင်သွင်းမှု မေးမြန်း ချက်
2017.06.13
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က ရှမ်းပြည်နယ် ကျိုင်းတုံမဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် ဦးရှာမွေလရှဲန် ကို NLD ပါတီ ကိုယ်စား လှယ်လောင်း ဒေါက်တာဝဏ္ဏစိုးက ရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက်လွှာတင်ထားပါတယ်။
မဲရုံတချို့မှာ မဲပေးခွင့်ရှိသူအရေအတွက်ထက် ပိုပြီးမဲပေးခဲ့တာ၊ မဲဆွယ်စည်းရုံးရေးကာလတွေအတွင်း ငွေကြေး နဲ့ လက်ဆောင်ပစ္စည်းတွေပေးပြီး မဲဆွယ်စည်းရုံးမှုတွေရှိခဲ့တာ၊ ရွေးကောက်ပွဲကျင်းပတဲ့ရက်မှာ မဲရုံတချို့ကို သတ် မှတ်ချိန်ထက်စောပြီး ပိတ်ခဲ့တာတွေရှိတယ်ဆိုပြီး ဦးရှာမွေလရှဲန်ရဲ့ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ထားတာဖြစ် တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားတဲ့ ဒေါက်တာဝဏ္ဏစိုး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။