သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေး ဒေါက်တာဇော်လင်း နဲ့ မေးမြန်းချက်
2017.06.12
ဒီနှစ်မိုးတွင်းကာလမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းဟာ ကပ်ရောဂါအသွင်ဆောင်တဲ့ အနေအထားမျိုး မရောက်အောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စီမံချက်အနေနဲ့ တစ်ပြည်လုံးမှာ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာဇော်လင်းက ပြောပါတယ်။
ဒေါက်တာဇော်လင်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။