မဘသ မူလအမည်နဲ့ ဆက်ရပ် တည်ဖို့ ပြည်ထဲရေးကို စာတင်
2017.06.15
မန္တလေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်က အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့တွေအနေနဲ့ မူလ အမည်ဖြစ်တဲ့ မဘသ အမည်နဲ့သာ ဆက်လက်ရပ်တည်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနထံ စာရေးသားပေးပို့ ထားပါတယ်။
မန္တလေးတိုင်းမဘသအဖွဲ့က မဘသအမည်နဲ့ ဆက်လက်ရပ်တည်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့တဲ့စာကို သာသနာရေးမှူးရုံးအနေနဲ့ မိတ္တူလက်ခံရရှိထားတယ်လို့ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူး ရုံးညွှန်ကြားရေး မှူး ဦးခင်မောင်တင့် က ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံးညွှန်ကြားရေးမှူး ဦးခင်မောင်တင့် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။