သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-08
တရုတ်နိုင်ငံခြားရေးဝမ်ယိက NLD အပါအဝင်နိုင်ငံရေးပါတီတွေနဲ့ သူတို့ရှည်ကြာတဲ့ ဆက်ဆံရေးရှိတယ်၊ သွေးထွက်သံယိုမှုတွေ နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့နဲ့ တင်းမာမှုတွေ အမြန်ဆုံးဖြေလျှော့ဖို့ လိုတယ်၊ လက်ရှိပြဿနာတွေကို ဖွဲ့စည်းပုံနဲ့အညီ ဥပဒေဘောင်အတွင်းက ညှိနှိုင်းဆွေးနွေးကြဖို့မျှော်လင့်တယ် စသဖြင့် မတ်လ ၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။
2021-03-06
စစ်တပ်ကအာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လူထုလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွဲနေပြီး ဆရာ ဆရာမတွေ၊ ကျောင်းသားလူငယ်တွေ ဖမ်းဆီးခံနေရပါတယ်။
2021-03-06
လှိုင်သာယာမြို့နယ် အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ အမှတ် (၃) တပ်ခွဲမှာ တပ်ခွဲမှူး တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် ဝင်းသန်းထွန်း ကိုယ်ပိုင်အမှတ် လ - ၁၉၀၅၉၉ ဟာ မတ်လ ၆ ရက် ဒီနေ့မှာ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။
2021-03-06
ရန်ကုန်တိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၉၀ ကျော်ကို စစ်တပ်က ထိန်းသိမ်းထားတာ တစ်လ နီးပါးရှိပေမယ့် လက်ရှိအချိန်ထိ ပြန်မလွှတ်သေးသလို ဘာမှ မေးမြန်းတာမျိုးလည်းမရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ ကပြောပါတယ်။
2021-03-05
အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒုတိယအတွင်းဝန် ကိုကောင်းထက်ဟာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာ ဒီကနေ့ ပါဝင်လာခဲ့ပါတယ်။
2021-03-05
အာဏာရှင်စနစ် ကန့်ကွက်ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်သားတွေက အင်အားအလွန်အကျွံသုံး ဖြိုခွင်းပြီး ကျည်အစစ်နဲ့ ပစ်ခတ်သတ်ဖြတ်နေတာဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး စံချိန်စံညွှန်းတွေကို ချိုးဖောက်တာဖြစ်လို့ နိုင်ငံတကာဥပဒေအရ အရေးယူအပြစ်ပေးလို့ရတယ်လို့ အမေရိကန်တပ်မတော် အငြိမ်းစား ဒုဗိုလ်မှူးကြီး တစ်ဦးဖြစ်တဲ့၊ ဟာဝိုင်အီကျွန်း ဟိုနိုလူလူမြို့ လုံခြုံရေးဆိုင်ရာ အာရှ-ပစိဖိတ်လေ့လာရေးဌာနက ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။
2021-03-05
စစ်ကောင်စီက အာဏာသိမ်းအစီအစဉ်မှာ ရဲဝန်ထမ်းတွေကို အမိန့်ပေးအသုံးချခဲ့တာလို့ မန္တလေးတိုင်း ရဲတပ်ရင်း ၄ (ရွှေစာရံတပ်ရင်း)က ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
2021-03-05
ငွေဒဏ်နှင့်တကွ ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) နဲ့ စစ်ကောင်စီရဲ့ အမှုဖွင့်တရားစွဲဆိုမှုကို ခံထားရတဲ့ အသက် ၈၀ အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်ကို ဒီနေ့ ဒက္ခိဏခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်စစ်ဆေးရာမှာ ကျန်းမာရေး မကောင်းလို့ ရှေ့နေတွေက အာမခံလျှောက်ထားခဲ့ပါတယ်။
2021-03-05
အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု ၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်ခံရတဲ့သူတွေကို ဒီနေ့မနက်ကြေညာလိုက်တဲ့အထဲမှာ ၂၁ ယောက် ရရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသူဟောင်း မဖြိုးဖြိုးအောင်လဲ ပါဝင်ပါတယ်။
2021-03-04
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကောင်စစ်ဝန် ဦးအောင်ကျော်နိုင် က CDM ပြည်သူ့ဝန်ထမ်းလှုပ်ရှားမှုမှာ သူပါဝင်တော့မယ်လို့ ကြေညာလိုက်ပါပြီ။
2021-03-04
အာဏာဖီဆန်ရေးဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကို ကူညီနိုင်ဖို့ နိုင်ငံတကာ အကူအညီတွေရရှိအောင် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PPST ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကော်မတီက လမ်းကြောင်းရှာဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
2021-03-04
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ဆန္ဒမဲပေးခဲ့ကြတဲ့ မဲရလဒ်နဲ့ အညီပေါ်ပေါက်လာမယ့် အမျိုးသားညီညွတ်ရေး အစိုးရသစ်တစ်ရပ်ကို မကြာခင် ဖွဲ့စည်းသွားမှာဖြစ်ပြီး တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေ ပါဝင်လာအောင် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ပြောပါတယ်။
2021-03-03
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားတွေကို ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး IIMM အဖွဲ့ဆီကို ပေးပို့တဲ့နေရာမှာ ကာယကံရှင်တွေအတွက် လုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေနဲ့ ပေးပို့ကြဖို့ IIMM အဖွဲ့ အကြီးအကဲ က တိုက်တွန်းလိုက်ပါတယ်။
2021-03-03
ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးစီးတည်ထောင်ထားတဲ့ ရန်ကုန်တိုင်း မြောက်ဒဂုံက ရန်ကုန်နာရေးကူညီမှုအသင်း ရုံးခန်းကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက အခု မတ်လ ၃ ရက် ည ၁၁ နာရီလောက်မှာဝင်စီးလို့ အသင်းသားတွေထွက်ပြေးနေရပါတယ်။