မန္တလေးမြို့ ဂေါဝန်ဆိပ် ပစ်ခတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြောပြချက်

2021.03.05

စစ်ကောင်စီက အာဏာသိမ်းအစီအစဉ်မှာ ရဲဝန်ထမ်းတွေကို အမိန့်ပေးအသုံးချခဲ့တာလို့ မန္တလေးတိုင်း ရဲတပ်ရင်း ၄ (ရွှေစာရံတပ်ရင်း)က ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မတ်လ ၅ ရက်နေ့ ဒီနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။

ကယား၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း အစရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေက ရဲတပ်ဖွဲ့ ဝင်တွေက အာဏာဖီဆန်ရေးကို ဆောင်ရွက်လာကြတာပါ။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မန္တလေးမြို့ ဂေါဝန်ဆိပ် ပစ်ခတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး မတ်လ ၃ ရက်နေ့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြောပြချက်ကို ကြည့်ရှု နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။