ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့ ယာယီရဲမှူး တင်မင်းထွန်း CDM လှုပ်ရှားမှုမှာပါဝင်လာ

2021.02.28

တပ်မတော် အာဏာသိမ်းတာကို ကန့်ကွက်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းတပ်ဖွဲ့ ယာယီရဲမှူး တင်မင်းထွန်း ပါဝင်လာပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အာဏာသိမ်း အစိုးရခိုင်းတာတွေလုပ်ပြီး နောင်အချိန်မှာ ရဲတပ်ဖွဲ့ဝင်ပါလို့ ပြောရဲပါ့မလားဆိုတာနဲ့ ၂၀၂၁ အရေးအခင်းနဲ့ပတ်သက်ပြီး သား၊ သမီး၊ မြေး၊ မြစ်တွေရှေ့မှာ ဘယ်မျက်နှာနဲ့ ရပ်တည်မလည်းဆိုတာကို မေးခွန်းထုတ်လိုက်ပြီး သူ့အနေနဲ့တော့ ရပ်တည်ဖို့မဖြစ်နိုင်တာကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာတာလို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ဟာ ကျဆင်းနေကြောင်းနဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းမှုမှာ ရဲတပ်ဖွဲ့ဟာ အထိုးကျွေးခံထားရကြောင်းလည်း ယာယီရဲမှူး တင်မင်းထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။