CDMမပိတ်ခင် အမီဝင်လာတဲ့ ရဲမေတစ်ဦး ပြောကြားချက်

2021.04.01

မီးဖွားခွင့်ခြောက်လနဲ့ အနားယူနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ရဲစခန်းမှ ရဲမေ မဇာဇာငြိမ်းဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်ပြီး အလုပ် မလုပ်ချင်တာကြောင့် မတ်လ ၂၅ ရက်နေ့ကတည်းက CDM လုပ်ထားကြောင်း RFA ကိုပြောပါတယ်။

ကလေးမွေးထားတာ မကြာသေးတာရယ်၊ ခွင့်ခြောက်လ ယူထားတာရယ်ကြောင့် CDM ဝင်သင့် မဝင်သင့် စဉ်းစားနေရတာဖြစ်ပြီး CDM မပိတ်ခင် မတ်လ ၃၁ ရက်နေ့ မတိုင်ခင်မှာပဲ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ မဇာဇာငြိမ်းကိုယ်တိုင် RFA ကိုပြောပါတယ်။

ကိုယ်ပိုင်အမှတ် လ ၂၆၄၄၃၆ ရဲတပ်သား မဇာဇာငြိမ်းအနေနဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့အထိ မီးဖွားခွင့် ရထားပေမယ့် ခွင့်ပြည့်ခဲ့ရင်လည်း စစ်အာဏာရှင် မပြုတ်သေးပါက စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်လိုတာ၊ ကိုယ်တိုင်ရော မိသားစုရော ရပ်ကွက်၊ မြို့နယ်အတွင်း လိပ်ပြာလုံစွာ နေထိုင်လိုတာ စတာတွေကြောင့် CDM ပြုလုပ်သွားရခြင်းဖြစ်တယ်လို့လည်း လူမှုကွန်ရက်မှာ သူ့ရဲ့ပုံ၊ သူ့ကိုယ်တိုင်ရေးထားတဲ့စာရွက်နဲ့အတူ တင်ထားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။