ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူနဲ့ပူးပေါင်းဖို့ CDM ရဲမှူးတင်မင်းထွန်း တိုက်တွန်း
2021.08.30
CDM မှာပါဝင်ပြီး ပြည်သူ့ဘက်ကို ကူးပြောင်းလာခဲ့တဲ့ ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က ရဲမှူး တင်မင်းထွန်း က အရေးကြီးကာလရောက်လာပြီ ဖြစ်တဲ့အတွက် ပြည်တွင်းမှာ ရှိနေသေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်သွယ်ပူးပေါင်းကြဖို့ တိုက်တွန်း လိုက်ပါတယ်။ လက်ရှိမှာ ပြည်တွင်းက ထွက်ခွာပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလာတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ထောင်ခန့်ရှိပြီလို့လည်း သူကပြောပါတယ်။
ရဲမှူးတင်မင်းထွန်း ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။