NUG ရဲ့ အာဆီယံဆိုင်ရာသံတမန် ဦးဘိုလှတင့်နဲ့ တွေ့ဆုံမေးမြန်းခန်း
2021.10.26
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပုဂ္ဂိုလ်လည်းဖြစ်၊ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB အဖွဲ့မှာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ်လည်း နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ ဦးဘိုလှတင့်ကို NUG အစိုးရက အာဆီယံဆိုင်ရာ သံတမန်အဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့က ခန့်အပ်လိုက်ပါတယ်။
အာဆီယံရဲ့ လက်ရှိရပ်တည်ချက်တွေ၊ ဆောင်ရွက်နိုင်စွမ်းတွေ၊ စစ်ကောင်စီအနေနဲ့ ဆောင်ရွက်သင့်တာတွေ၊ NUG အစိုးရက ဆောင်ရွက်မှာတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာနေထိုင်တဲ့ အာဆီယံဆိုင်ရာသံတမန်သစ် ဦးဘိုလှတင့် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တွေ့ဆုံမေးမြန်းထား ပါတယ်။