အစ္စရေးလ်နိုင်ငံ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ကိုကောင်းထက် CDM မှာပူးပေါင်း

2021.03.05

အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒုတိယအတွင်းဝန် ကိုကောင်းထက်ဟာ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာ ဒီကနေ့ ပါဝင်လာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာ၊ နိုင်ငံတကာစာမျက်နှာမှာ တရားမဝင် စစ်အုပ်စုကို ကိုယ်စားပြုဖို့ ဆန္ဒမရှိတာ၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေနဲ့ နေအိမ်တွေထဲထိ အကြမ်းဖက် သတ်ဖြတ် ဖြိုခွင်းနေမှုတွေအပေါ် လုံးဝ (လုံးဝ) လက်မခံနိုင်တဲ့အတွက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကိုကောင်းထက် က ပြောပါတယ်။

အခုဆိုရင် ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အစ္စရေးလ်နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေက ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်လာသူ စုစုပေါင်း ၂၈ ယောက် ရှိသွားပါပြီဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။