အမေရိကန်ရဲ့နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုမှာ မြန်မာအမျိုးသမီးမဖြိုးဖြိုးအောင်ရရှိ
နေရိန်ကျော်(ဝါရှင်တန်ဒီစီ)
2021.03.05
2021.03.05
အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု ၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်ခံရတဲ့သူတွေကို ဒီနေ့မနက်ကြေညာလိုက်တဲ့အထဲမှာ ၂၁ ယောက် ရရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသူဟောင်း မဖြိုးဖြိုးအောင်လဲ ပါဝင်ပါတယ်။
သူဟာ မြန်မာပြည်က မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ၊ ဘာသာခြားတွေကြားမှာ သင့်မြတ် ရေးကိစ္စတွေ၊ညီညွတ်ရေးကိစ္စတွေ၊ ပြန်ပြီးနားလည်မှုရလာရေးတွေ ကြိုးစားနေတဲ့ The Wings Institute အဖွဲ့ကို တည်ထောင်လုပ်ကိုင်နေလို့ ချီးမြှင့်လိုက်တာဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ကြေညာချက် မှာဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။