အာဏာသိမ်းပြီးနောက် အမေရိကန်-မြန်မာ ဆက်ဆံရေးအလားအလာ
နန္ဒာချမ်း
2021.02.05
2021.02.05
မြန်မာနိုင်ငံမှာ အာဏာသိမ်းယူခဲ့တဲ့ စစ်အစိုးရကို အရေးယူဖို့ အမေရိကန်က ပြင်ဆင်နေပါပြီ။ ဒီအရေးယူမှုတွေထဲမှာ ဘာတွေပါလာနိုင်သလဲ။ စစ်အစိုးရကို အရေးယူဖို့လုပ်တိုင်း အမြဲ ကာကွယ်ပေးလေ့ရှိတဲ့ တရုတ်နဲ့ ရုရှားကို အမေရိကန်က ဘယ်လို ကျော်လွှားနိုင်မလဲ။
ဒါတွေကြောင့် အနာဂတ်မှာ အမေရိကန်-မြန်မာအကြား ဆက်ဆံရေး ဘာတွေ ပြောင်းလဲ သွားနိုင်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး - မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းဖြစ်တဲ့ ဒဲရက် မစ်ချဲ ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဆက်သွယ်မေးမြန်းထားပါတယ်။