မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌနဲ့ ဆက်သွယ်မေးမြန်းချက်
2021.03.06
စစ်တပ်ကအာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လူထုလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ဖြိုခွဲနေပြီး ဆရာ ဆရာမတွေ၊ ကျောင်းသားလူငယ်တွေ ဖမ်းဆီးခံနေရပါတယ်။
ဒီလိုဖမ်းဆီးမှုတွေရှိနေပေမယ့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM ကို စစ်အာဏာရှင် မပြုတ်ကျမချင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေကိုလည်း လူထုနဲ့အတူ ပူးပေါင်း ပါဝင်ဖို့ သူက တိုက်တွန်းလိုက်ပါတယ်။
ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။