ရန်ကုန်နာရေးကူညီမှုအသင်းကို ဝင်စီးတဲ့အကြောင်း ဆက်သွယ်မေးမြန်းချက်

2021.03.03

ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးစီးတည်ထောင်ထားတဲ့ ရန်ကုန်တိုင်း မြောက်ဒဂုံက ရန်ကုန်နာရေးကူညီမှုအသင်း ရုံးခန်းကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက အခု မတ်လ ၃ ရက် ည ၁၁ နာရီလောက်မှာဝင်စီးလို့ အသင်းသားတွေထွက်ပြေးနေရပါတယ်။ နာရေးကူညီမှုအသင်းဟာ နေ့ပိုင်းက ဖြစ်ခဲ့တဲ့ မြောက်ဥက္ကလာက သေနတ်နဲ့ပစ်ခံရတဲ့ လူနာတွေကို အသက်ကယ်နိုင်အောင် ကူညီခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ အသင်းသားလူငယ်တယောက်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။