သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-27
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အစိုးရဝန်ထမ်းတွေရဲ့ CDM အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကြောင့် အထိနာခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီက မြန်မာလူထုအနေနဲ့ သူတို့အာဏာသိမ်းတာကို လက်ခံအသိအမှတ်ပြုပြီး မြန်မာနိုင်ငံဟာ သူတို့အုပ်ချုပ်မှု လက်အောက်မှာ ပုံမှန်ပြန်ဖြစ်နေပြီဆိုတာကို ပြသချင်တဲ့အတွက် ကျောင်းဆရာ ဆရာမတွေကို စာသင်ခန်းတွေပြန်လာဖို့ ဖိတ်ခေါ်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
2022-05-21
NUG ရဲ့ ပြည်တွင်းပြည်ပ သံတမန်ဆက်ဆံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး “NUG ရဲ့ ပြည်တွင်းပြည်ပ သံတမန်ဆက်ဆံရေး” အကြောင်း ဆွေးနွေးထားပါတယ်။
2022-05-14
အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေ မပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက တိုက်ပွဲတွေကို ရပ်တန့်နိုင်မလား၊ နိုင်ငံရေးအင်အားစု အားလုံးပါဝင်ရေး တောင်းဆိုချက်က အောင်မြင်နိုင်ပါ့မလား၊ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို လက်နက်ကိုင်တော်လှန်ရေးကပဲ အဖြေရှာနိုင်တော့မှာလားဆိုတာ ဆွေးနွေးထားပါတယ်။
2022-05-07
အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီဥက္ကဋ္ဌကို ထပ်မံတိုက်တွန်းထားသလို၊ တစ်ဘက်မှာ လည်း အာဆီယံအသင်းအနေနဲ့ NUG အစိုးရနဲ့တွေ့ဆုံဖို့ မလေးရှားက အာဆီယံကို အကြံပြုတိုက်တွန်းထားပါတယ်။ ဒါကြောင့် ဒီတစ်ပတ်စကားဝိုင်းမှာ အာဆီယံရဲ့ညှိနှိုင်းမှု အကျိုးဖြစ်နိုင်လားဆိုတဲ့ အကြောင်းဆွေးနွေးထားပါတယ်။
2022-04-29
မြန်မာပြည်သူလူထုအနေနဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေကို မုန်းတီးရွံရှာတဲ့ စိတ်သဘောထားတွေ ဘာကြောင့် ဘယ်လို တစ်နေ့တခြား တိုးလာနေသလဲ။ အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ တရုတ်နဲ့ ရှရှားနိုင်ငံတွေရဲ့ ကူညီထောက်ခံမှုနဲ့ အာဏာကို ရေရှည်ထိန်းထားနိုင်မှာလား။
2022-04-23
စစ်အာဏာသိမ်းတာကို မကြိုက်တဲ့အတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကနေ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ခဲ့ရတဲ့ ပြည်သူတွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့နယ်မြေတွေမှာ စစ်အုပ်ချုပ်ရေး မရှိအောင် တွန်းလှန်ပြီးလွတ်မြောက်နယ်မြေတွေဖြစ်အောင် ကြိုးစားလာနေကြပါတယ်။
2022-04-15
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်အတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ချိပ်ပိတ်ခံရတဲ့ နေအိမ် ၅ဝဝ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ၂ဝဝ ကျော်နေပါပြီ။ ဒီဥပဒေကြောင့် အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပြည်သူတွေအပေါ် ဘယ်လောက်ထိခိုက်မှုတွေ ရှိနေလဲဆိုတာ ဆွေးနွေးထားပါတယ်။
2022-04-09
NUG အစိုးရရဲ့ စစ်လေယာဉ်တွေ၊ အခြားယာဉ်တွေနဲ့စပ်လျဉ်းတဲ့ဆုငွေချီးမြှင့်မယ့်အစီအစဉ်အပေါ် ကောင်းကျိုး၊ ဆိုးကျိုးတွေကိုဆွေးနွေးတင်ပြထားပါတယ်။
2022-04-02
ဒီတစ်ပတ် RFA စကားဝိုင်းမှာ .... EAO နဲ့ PDF ပူးပေါင်းဒေသ နှစ်ခုဖြစ်တဲ့ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်က လက်ရှိ စစ်ရေးအခြေအနေနဲ့ ဒေသခံလူထုရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်၊ နိုင်ငံခြားရေးတာဝန်ခံ ပဒို စောတောနီး နဲ့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ နိုင်ငံတကာနဲ့ မဟာမိတ်ဆက်ဆံရေး ကော်မတီဝင် နဲနယ်ပလိုး တို့ နှစ်ဦးနဲ့ ဆွေးနွေးထားပါတယ်။
2022-03-29
ဒီတစ်ပတ် RFA စကားဝိုင်းမှာ .... စစ်တပ်အာဏာသိမ်းထားတဲ့ကာလဖြစ်သလို နှစ်ဖက်သတိထားစောင့်ကြည့်နေတဲ့ အခြေအနေမျိုးမှာ ရခိုင့်တပ်တော် AA ရဲ့ "အာရက္ခပြည် တည်ထောင်ရေးဟာ တကယ်ဖြစ်လာမှာလား" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2022-03-19
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အလုံးပေါင်း ၇ ထောင်ကျော်နေပါပြီ။ အရပ်သားပြည်သူတွေ အိုးမဲ့အိမ်မဲ့ဘဝနဲ့ ထွက်ပြေးနေရတာ ဘာကြောင့်လဲ၊ လက်နက်ကိုင်တော်လှန်နေသူတွေကို ချေမှုန်းတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးက ပြည်သူတွေအပေါ် ဘယ်လောက်ထိခိုက်စေလဲဆိုတာ ဆွေးနွေးထားပါတယ်။
2022-03-11
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ ပိုပြီးဆိုးရွားလာတဲ့ လျှပ်စစ်မီး မလုံလောက်တဲ့ပြဿနာကို ပြည်သူတွေ ရင်ဆိုင်လာရတယ်လို့ မြန်မာနိုင်ငံသားတွေ ပြောဆိုနေကြပါတယ်။
2022-03-04
ဒီအပတ် RFA စကားဝိုင်းမှာ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော် တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အကျယ်တဝင့် တင်ပြထားပါတယ်။
2022-02-26
ဒီတစ်ပတ်မှာတော့ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာတဲ့အထိ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လူငယ်ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေရှိနေသလို၊ စစ်ကောင်စီဘက်ကလည်း အဖမ်းအဆီး တွေနေ့စဉ်နဲ့အမျှ လုပ်နေတာတွေရှိတဲ့အတွက် “ရန်ကုန်၊ မန္တလေးလူထုလှုပ်ရှားမှုတွေ ဘယ်လောက် ခက်ခဲလာနေလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2022-02-19
ဒီအပတ် RFA စကားဝိုင်းမှာ စစ်ကောင်စီကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနား နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကျိုးရလဒ် အတိအကျမရရှိဘဲ ပြီးဆုံးသွားပုံ၊ ပြည်သူလူထုရဲ့တုံ့ပြန်ချက်၊ ICJ မှာ မြန်မာပြည်ကို တရားစွဲတဲ့ အမှုနဲ့ ပတ်သက်ပြီး ပြုလုပ်မယ့် ကြားနာပွဲအခြေအနေ၊ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်လိုက်တဲ့ အင်ဒို -ပစိဖိတ်ဆိုင်ရာ မဟာဗျူဟာ အပါအဝင် မြန်မာပြည်ရဲ့နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးထားပါတယ်။