လျှပ်စစ်မီးပြဿနာကို ဘယ်လိုရင်ဆိုင်နေကြလဲ

2022.03.11

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ ပိုပြီးဆိုးရွားလာတဲ့ လျှပ်စစ်မီး မလုံလောက်တဲ့ပြဿနာကို ပြည်သူတွေ ရင်ဆိုင်လာရတယ်လို့ မြန်မာနိုင်ငံသားတွေ ပြောဆိုနေကြပါတယ်။

ဒီတစ်ပတ်ဆိုရင် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်နေ့ထိ တချို့နေရာတွေမှာ ၂၄ နာရီအပြည့် မီးပြတ်မယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ကြေညာထားပါတယ်။ ဒါကြောင့် လျှပ်စစ်မီး မရတဲ့အတွက် နောက်ဆက်တွဲ ခံစားရမယ့် နေ့စဉ်ကိစ္စတွေအပေါ်မှာ လူထုအနေနဲ့ ဘယ်လိုရင်ဆိုင်နေကြလဲ၊ ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ ဆွေးနွေးထားပါတယ်။

အဓိကပါဝင်ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေကတော့
၁) မသီရိ - ပုဂ္ဂလိကဆရာမ (ရန်ကုန်)
၂) ဦးရဲနိုင်ဝင်း - အလုပ်သမားရေးဆောင်ရွက်သူ
၃) ကိုအောင်အောင်ဦး - ရန်ကုန်မြို့သားတို့ ဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်ထုတ်လုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။