စစ်အာဏာသိမ်းတစ်နှစ်ခွဲကျော်မှာ သုံးဆထိုးကျသွားတဲ့ မြန်မာငွေတန်ဖိုးနဲ့ ဖြစ်နိုင်ခြေများ
2022.09.02
စစ်အာဏာ မသိမ်းခင်ကရှိခဲ့တဲ့ ဒေါ်လာစျေး၊ ရွှေစျေးနဲ့ ကုန်စျေးနှုန်းတွေဟာ အခု သီတင်းပတ်မှာ သုံးဆကျော်ထိုးတက်သွားပြီး နေ့စဉ်နဲ့အမျှ ငွေကြေးဖောင်းပွနှုန်း မြင့်တက်နေပါတယ်။ ဒီလိုမြန်မာ ငွေတန်ဖိုး တရှိန်ထိုးကျဆင်းနေတာ ဘာကြောင့်လဲ။ ဘာတွေဖြစ်လာနိုင်ချေရှိလဲ။ ပြည်သူတွေအခက်အခဲ ပြေလည်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့က ဘာတွေ လုပ်သင့်လဲဆိုတဲ့အကြောင်းတွေကို ဒီတစ်ပတ်မှာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးကြတဲ့ပုဂ္ဂိုလ်တွေကတော့
၁) ဦးစိန်ဌေး - စီးပွားရေးသုတေသီ (အမေရိကန်ပြည်ထောင်စု)
၂) ဦးဘိုဘိုဦး - ရန်ကုန်တိုင်း ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ် တို့ဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော်စီစဉ်တင်ဆက်ထားပါတယ်။