အာဏာသိမ်းခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက် တိုက်ပွဲတွေကို ရပ်တန့်နိုင်မလား

2022.05.14

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အယုံအကြည် မရှိကြပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေ မပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက တိုက်ပွဲတွေကို ရပ်တန့်နိုင်မလား၊ နိုင်ငံရေး အင်အားစု အားလုံးပါဝင်ရေး တောင်းဆိုချက်က အောင်မြင်နိုင်ပါ့မလား၊ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို လက်နက်ကိုင်တော်လှန်ရေးကပဲ အဖြေရှာနိုင်တော့မှာလား ဆိုတာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးကြတဲ့သူတွေကတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်၊ ပြည်သူ့ပန်းတိုင်အဖွဲ့ CDM စစ်သည် ကိုနောင်ရိုးနဲ့ မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) ကိုဆလိုင်းဟာအွမ်တို့ပဲ ဖြစ်ပါတယ်။

RFA သတင်းထောက် မဇင်မာဝင်း က တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။