သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-30
ဖေဖော်ဝါရီလ ၁ရက်နောက်ပိုင်း အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲက ၂၂၉၆ ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်ရာမှာ သတင်းသမားအချို့လည်း ပါဝင်ခဲ့ပါတယ်။
2021-06-30
ရန်ကုန် အင်းစိန်အကျဉ်းထောင်အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင် တွေကနေ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရသူ ၂၂၉၆ ဦး ကို ဇွန်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။
2021-06-30
အာဏာသိမ်းစစ်ကောင်စီက သူတို့ဖမ်းဆီးထားသူ ၅ဝဝဝ ကျော်ရှိတဲ့အနက် ၂ဝဝဝ ကျော်ကို မနေ့က လွှတ်ပေးလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာ ဖိအားပေးမှုကို လျှော့ချနိုင်ရေးအတွက် ကြိုးစားမှုတခုပဲလို့ ဝေဖန်သူတွေက ပြောပါတယ်။
2021-06-30
ကိုဗစ်အတည်ပြုလူနာသစ်တွေ မြန်မာနိုင်ငံမှာ တနေ့တခြား သိသိသာသာ များလာနေပါတယ်။ မနေ့က ၂၄နာရီအတွင်းမှာပဲ ပိုးတွေ့လူနာ ၁၅၈ဝ စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။
2021-06-30
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့အတွက် သမီးနှစ်ယောက်ကို စစ်အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် မြေးတွေနဲ့ ကျန်ခဲ့တဲ့ ရန်ကုန်မြို့က အမေအိုတစ်ယောက်ဟာ နေ့စဉ်ဘဝ ရပ်တည်ရေးအတွက် ဈေးရောင်း အသက်မွေးနေရပါတယ်။
2021-06-30
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံအပေါ် ကုလနဲ့ နိုင်ငံတကာရဲ့ သဘောထားရပ်တည်ချက်တွေ၊ ICC နဲ့ ICJ မှာ စစ်ကောင်စီကို အရေးယူဖို့ သူတို့ဆောင်ရွက်နေပုံတွေ၊ မြန်မာပြည်ရဲ့ ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သားဦးခင်မောင်စိုး က နယူးယောက်မြို့ရှိ သူလက်ရှိနေထိုင်ရာ မြန်မာနိုင်ငံ အစိုးရပိုင်အိမ်တော်မှာ ဇွန်လ ၂၇ ရက်နေ့က သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။
2021-06-30
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးတရား စွဲခံထားရတဲ့ သတင်းထောက် ခုနစ်ယောက်ကို စစ်ကောင်စီက ဒီနေ့ ပြန်လွှတ်ပေး လိုက်ပါတယ်။
2021-06-30
ရန်ကုန် အင်းစိန်အကျဉ်းထောင် အပါအဝင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်တွေ ကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရသူ ၂၂၉၆ ဦးကို ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေး လိုက်ပါတယ်။
2021-06-30
ဖမ်းဆီးခံထားသူတချို့ကို ဇွန်လ ၃၀ ရက် ဒီကနေ့ ပြန်လွှတ်ပေးလိုက်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ရရှိဖို့ စစ်ကောင်စီက ကြိုးပမ်းနေ တာလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ AAPP က ထုတ်ပြန်လိုက်ပါတယ်။
2021-06-30
ရခိုင်ပြည်နယ်ထဲမှာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုတွေ ဟာ တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်လို့ စစ်တွေရုံးခွဲ Legal Clinic Myanmar အဖွဲ့နဲ့ ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့တို့ရဲ့ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
2021-06-30
ရန်ကုန် အင်းစိန်ထောင် အပါအဝင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်ကြီးတွေကနေ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၂၃၀၀ ကျော် လွတ်မြောက်လာမယ်လို့ သတင်းရတာကြောင့် မိသားစုဝင် ၂၀၀ ကျော်ခန့် ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်ထိ အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။
2021-06-30
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင် ဗိုလ်ချုုပ်ကြီးယွက်စစ် ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက် လိုကြောင်း ဇွန် ၂၉ ရက် မနေ့က စာပို့ခဲ့တယ်လို့ PPST ဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက RFA ကို ပြောပါတယ်။
2021-06-30
ဖလမ်းမြို့မှာ စစ်ကောင်စီတပ်တွေဟာ CNDF အဖွဲ့တွေရှိတဲ့ နေရာတွေကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2021-06-30
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် (ခ) ဇော်လတ်ကို ဒီကနေ့ မနက်ပိုင်းမှာ အမည်မသိ သေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေက RFAကို ပြောပါတယ်။
2021-06-30
ဇွန်လ ၃၀ရက် ဒီကနေ့မှာ မုံရွာ ပင်မသပိတ်စစ်ကြောင်းနဲ့ ကျောင်းသား ပြည်သူစစ်ကြောင်း ပူးပေါင်းပြီး သပိတ်စုံ ချီတက်ဆန္ဒပြပြီး အောင်မြင်စွာ လူစုခွဲခဲ့ကြပါတယ်။