သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-04-30
အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာ မှာ မြန်မာ၊ အီဂျစ်၊ အီရန်၊ ဆော်ဒီအာရေဗျနဲ့ တခြားနိုင်ငံတွေ မှာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ပြဿနာတွေ ရှိနေကြောင်း ဖေါ်ပြထားပါတယ်။
2013-04-30
မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ သတ္တမအကြိမ်မြောက် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံဟာ အကျိုးရလဒ်တွေ အများအပြားရရှိခဲ့တဲ့ တွေ့ ဆုံဆွေးနွေးပွဲတစ်ရပ်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင် စု နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2013-04-30
အမေရိကန်ပြည်ထောင်စုအခြေစိုက် ကမ္ဘာကျော်ဖို့ဒ် (Ford) မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီဟာ ရန်ကုန်မြို့မှာ ပထမဆုံး ကားအရောင်းပြခန်းကို လာမယ့်သြဂုတ်လအတွင်း စတင်ဖွင့်လှစ်မယ်လို့ ဒီနေ့ကြေညာလိုက်ပါတယ်။
2013-04-30
ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဘက်ကို ရခိုင်မျိုးနွယ်စုဝင် အိမ်ထောင် စုပေါင်း ၁၆၀ ကျော် ရွှေ့ပြောင်းအခြေချ နေထိုင်လာကြပြီး သူတို့ရဲ့စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2013-04-30
မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်မယ့် တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး မထိခိုက်အောင်ဆောင်ရွက်ဖို့ သက်ဆိုင်ရာကုမ္ပဏီတွေကို သတိပေးပြောကြားမယ်လို့ တရုတ်ပြည်ကွန်မြူနစ်ပါတီ အကြီးအကဲတွေက မြန်မာနိုင်ငံရေးပါတီ ၅ ခုက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ကတိပေးပြောကြား ခဲ့ပါတယ်။
2013-04-30
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို တရုတ်နိုင်ငံက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပေးပို့ခဲ့တယ်လို့ နာမည်ကျော် Jane’s Defence Weekly အပတ်စဉ်ထုတ် ကာကွယ်ရေး စာစောင်က ဧပြီလ ၂၉ ရက်နေ့မှာ ထုတ်ဖော်ရေးသားလိုက်ပါတယ်။
2013-04-30
ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာ ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။
2013-04-30
လက်ပံတောင်းဒေသခံ ၅ဝဝ နီးပါးဟာ မနေ့ညနေပိုင်းက ညောင်ပင်ကြီး ရဲစခန်းကို သွားရောက်ပြီး သူတို့ကိုဖမ်းဆီးဖို့ ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
2013-04-30
လက်ပံတောင်းဒေသမှာ ဒေသခံတွေကို အကူအညီပေးနေသူတွေကို ဒေသတည်ငြိမ်ရေးနဲ့ အေးချမ်း သာယာရေးပျက်ပြားအောင် လှုံ့ဆော်သူတွေအဖြစ် ဖမ်းမိန့် ထုတ်ပြန်ခဲ့တာနဲ့ သူတို့အပေါ် အကူအညီပေးနေသူတွေကိုပါ အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ ဒေသခံပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်လိုက်တာဖြစ်တယ် လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။
2013-04-30
မြန်မာနိုင်ငံမှာ ခရီုနီလို့လူသိများတဲ့ မက်စ်မြန်မာကုမ္ပဏီ ထူထောင်သူ ဦးဇော်ဇော်နဲ့အတူ အလုပ်လုပ်ဖို့အတွက် စင်္ကာပူအထည်ချုပ်ကုမ္ပဏီ Aussino က ရှယ်ယာသစ်တွေ အမေရိကန်ဒေါ်လာ ၅၇ သန်းဖိုးထုတ်ဝေဖို့ စင်္ကာပူ SGX ဘဏ်ကို လျှောက်ထား ခဲ့ပေမယ့် ဘဏ်ကလက်မခံ ပယ်ချလိုက်ပါတယ်။
2013-04-30
ထိုင်း-မြန်မာနယ်စပ်က ကျွန်းငယ် ၃ ခုအပေါ် ပိုင်ဆိုင်မှုပြဿနာ ပြန် လည်ပေါ်ပေါက်လာခဲ့တာနဲ့ပတ်သက်ပြီး ထိုင်းစစ်တပ်အကြီးအကဲက ထိုင်းလူဆိုးတွေကြောင့်ဖြစ် ရတာလို့ အပြစ်တင်လိုက်ပါတယ်။
2013-04-29
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အလုပ်သမား အဖွဲ့အစည်းတွေရဲ့ ညီလာခံကို ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
2013-04-29
ပြီးခဲ့တဲ့ ဧပြီလ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်က ရန်ကုန်မြို့၊ မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ နေ့လည်ပိုင်းက သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
2013-04-29
ကရင်ပြည်နယ် မြိုင်ကြီးငူမြို့ပေါ်မှာ မနေ့ညက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့တွေနဲ့ ကရင် နယ်ခြားစောင့်တပ်(BGF)တို့အကြား တိုက်ပွဲတွေ ဖြစ်ပွား တာကြောင့် ဒေသခံ ၄၀၀ လောက်ဟာ အိုးအိမ်တွေစွန့်ခွာပြီး တိုက်ပွဲလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။
2013-04-29
ဖမ်းဆီးခံထားရတဲ့ လက်ပံတောင်းတောင် အရေး ကူညီဆောင်ရွက်ပေးသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဖမ်းဝရမ်းထုတ်ခံထားသူတွေကို ပယ်ဖျက်ပေးဖို့ အခွင့်အရေးလှုပ်ရှားသူတချို့ ရန်ကုန်မြို့ လယ်မှာ ဒီကနေ့စုဝေးပြီး လက်ပံတောင်းတောင် သပိတ် စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာ ၅ လပြည့် အထိမ်း အမှတ်အနေနဲ့ မြို့တော်ခန်းမရှေ့မှာ တစ်နာရီကြာ ဆန္ဒပြ ခဲ့ကြပါတယ်။