သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-31
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်နေတဲ့ မီးပုံးပျံပွဲမှာ မနေ့ညက မီးပုံးပျံပျက်ကျမှုကြောင့် ကလေးငယ် ၂ဦးအပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2017-10-31
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ လူဦးရေစာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲချုပ်ထံ တောင်းထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2017-10-31
အရှေ့တောင်အာရှရဲ့ အကြီးဆုံးကုန်းတွင်းရေအိုင်ကြီးဖြစ်တဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က အင်းတော်ကြီးကန်ကို ယူနက်စကိုရဲ့ ဇီဝအဝန်းနယ်မြေ Indawgyi Biosphere Reserve အဖြစ် ပြည်ထောင်စုအစိုးရက ဒီကနေ့ တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။
2017-10-31
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရာမှာ ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက်ကို အခြေခံပြီး အချက်အလက်တစ်ချို့ ထပ်တိုးဖြည့်စွက်ပြီး စိစစ်လက်ခံသွား မှာ ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။
2017-10-31
တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ နိုင်ငံရေးကိစ္စတွေဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ခွဲမထွက်ခွင့်ကိစ္စတွေကို အလေးထားဆွေးနွေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2017-10-31
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို အစိုးရကပြန်လည် လက်ခံပြီး တိုင်းရင်းသားကျေးရွာတွေအနီးမှာ မူလအနေအထားအတိုင်း ပြန်လည်နေရာချထားမယ် ဆိုရင် ဌာနေတိုင်းရင်းသားတွေအားလုံး နေရပ်စွန့်ခွာကြဖို့ မောင်တောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားကျေးရွာ ၃၆ ရွာက ဒေသခံတွေ မနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။
2017-10-31
ထိုင်းဘုရင်ဈာပနကို သွားရောက်တဲ့ မြန်မာအလုပ်သမား ၁၉ ဦးကို အလုပ်ကနေ ထုတ်ပယ်လိုက် တဲ့ စက်ရုံပိုင်ရှင်ကို အလုပ်သမား ၁၉ ဦးက ထိုင်းအလုပ်သမားကာကွယ်ရေးဌာနထံ တိုင်ကြားပြီး မနေ့က တရားစွဲဆိုလိုက်ပါတယ်။
2017-10-31
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို အကြောင်းပြပြီး ဘာသာရေးနဲ့ လူမျိုးရေးဝါဒဖြန့် မှိုင်းတိုက်တာတွေကြောင့် ပြည်သူတွေအကြားမှာ လူမှုဘဝ မလုံခြုံမှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်စေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-10-31
ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအုပ်စုအနီးမှာ တည်ဆောက်မယ့် ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကန့်ကွက်တဲ့လက်မှတ်တွေ ကျေးရွာ ၁၉ ရွာမှာ ကောက်ယူနေ ပါတယ်။
2017-10-31
၂ဝ၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်း အရ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း နေထိုင်တဲ့ လူဦးရေ ၅ သန်းကျော်ရှိပြီး၊ လက်ရှိ ၂ဝ၁၇ ခုနှစ်မှာ ၆ သန်းနီးပါး ရှိလာပြီလို့ ခန့်မှန်းရပါတယ်။
2017-10-31
မြန်မာနိုင်ငံမှာ နိုင်ငံရေးပွင့်လင်းလာပြီး နည်းပညာတွေ တိုးတက်ဖွံ့ဖြိုးလာတဲ့ တချိန်တည်းမှာပဲ လူမျိုးရေး ဘာသာရေးဆန်ဆန် အမုန်းစကား ပြောဆိုမှုတွေလည်း ပိုများလာနေတာ တွေ့ရပါတယ်။
2017-10-31
ရခိုင်ပြည်နယ်မြောက်ပိုင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို အခြေခံပြီး လူထုအကြားမှာ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်နေတဲ့ အဖွဲ့အစည်းတွေကြောင့် မြန်မာနိုင်ငံအနှံ့က အစ္စလာမ်ဘာသာဝင်တွေ ကြားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။
2017-10-31
ရခိုင်ပြည်နယ်အရေးအပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တွေဟာ ၂ဝ၁၇ အောက်တိုဘာလ ၃ဝ ရက်နေ့က ရန်ကုန် ဗဟန်းမြို့နယ် သံလွင်လမ်းက ပါတီဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2017-10-31
၁၂ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ၂ဝ၁၇ အောက်တိုဘာလ ၃ဝ ရက်နေ့က ကျင်းပခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
2017-10-31
ရန်ကုန်မှာလုပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ နိုင်ငံ့ သားကောင်းများ ထောက်ခံပွဲဟာ အကြမ်းဖက်တဲ့ နည်းနဲ့ ဖြေရှင်းတဲ့လုပ်ရပ်အပေါ် အားပေးရာ ရောက်တဲ့ ပွဲတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာ သတင်း မီဒီယာတချို့မှာ ဝေဖန်ရေးသားကြပါတယ်။