သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-31
မြန်မာနိုင်ငံရဲ့ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ကို ကျောက်မျက် ရတနာအသင်း ဥက္ကဌအဖြစ် ဆက်လက် ထမ်းဆောင်ခွင့်ပြုသင့်ကြောင်း ယင်းအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။
2013-01-31
မြန်မာနိုင်ငံမှာ နိုင်ငံတကာသုံး VISA အကြွေးကဒ် သုံးစွဲနိုင်တဲ့စနစ်ကို ရန်ကုန်မြို့မှာ မနေ့က စတင်လိုက် ပါတယ်။
2013-01-31
သဘာဝဘေးအန္တရာယ်တွေကြောင့် ၂ဝ၁၂ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေကနေ ခွဲဝေသုံးစွဲခဲ့ရတဲ့ အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကဆီ ပေးပို့ခဲ့တဲ့သဝဏ်လွှာ နှစ်စောင်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် က မနေ့က ကြေညာခဲ့ပါတယ်။
2013-01-31
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က သူတို့တွေ့ရှိချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ ပေးပို့ ထားတယ်လို့ ရှေ့နေများကွန်ရက်က RFA ကို ပြောပါ တယ်။
2013-01-31
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု လုံးခင်း နဲ့ မှော်စီစာရွာကြားမှာရှိတဲ့ လုံးခင်းဆက်သွယ်ရေး တာဝါတိုင် လုံခြုံရေးရဲကင်း နားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီခန့်က လုံခြုံရေးအင်အား ၂၀ လောက်က ဒေသခံပြည်သူ ၄၀ လောက်ကို တာဝန်အရ စစ်ဆေးတယ်ဆိုပြီး သူတို့မှာပါလာတဲ့ ရွှေဆွဲကြိုး၊ လက်စွပ်၊ ဟန်းဖုန်းကအစ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သိမ်းယူသွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
2013-01-31
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သြစတြေးလျနဲ့ ဗြိတိန်အစိုးရတို့ ပူးပေါင်းပြီး ဒေါ်လာသန်း ၅၀၀ ကျော် ထောက်ပံ့သွားမယ်လို့ သြစတြေးလျဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက ဒီကနေ့ ကြေညာလိုက်ပါတယ်။
2013-01-31
မန္တလေး၊ ဈေးချိုတော်နားက ကိုင်းတန်းပျံကျညဈေး မပြောင်းရွှေ့ရဖို့အရေး ပြီးခဲ့တဲ့နှစ် သြဂုတ်လက မြိုတော်ဝန်ရုံးရှေ့ကို ဆန္ဒပြလမ်းလျှောက်ခဲ့ကြတဲ့ ဈေးသည်တွေကို ဦးဆောင်ခဲ့သူသုံးဦးကို ဒီကနေ့ ချမ်းအေးသာစံ မြို့နယ် တရားရုံးကနေ အာမခံရရှိပြီး ပြန်လည် လွတ်မြောက်လာပြီလို့ သိရပါတယ်။
2013-01-31
တောင်ကိုရီယားနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းက ဂွမ်ဂျူးမြို့မှာရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ဗိမာန်မှာ ပန်းစည်းချ ဂါရဝပြုခဲ့ပါတယ်။
2013-01-31
စစ်တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲက မလိုအပ်ဘဲ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို တောင်သူ လယ်သမားတွေထံပြန်ပေးဖို့ရှိပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကိုလည်း ကာလပေါက် ဈေးတွေနဲ့လျော်ကြေးပေးဖို့ အစီအစဉ်တွေ ရှိတယ်လို့ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2013-01-30
မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ စီးပွါးရေးနဲ့လူမှုရေးပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်မှုတွေကို အားပေးကူညီတဲ့အနေနဲ့ မြန်မာအစိုးရထံက ရစရာရှိတဲ့ကြွေးမြီ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၅၈ဝ ကို ဂျပန်နိုင်ငံ လျော်ပစ်လိုက်ပါတယ်။
2013-01-30
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ် ခံစားခဲ့ရတဲ့ ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုအေဂျင်စီ USAID က ဒေါ်လာ ၄.၂ သန်း ဒုတိယအကြိမ် ထပ်မံကူညီခဲ့ပါတယ်။
2013-01-30
ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးရရှိဖို့ အတွက် ရည်ရွယ်ပြီး ချီတက် လမ်းလျှောက်နေတဲ့ အဖွဲ့ထဲမှာ ပါဝင်တဲ့ ပြင်သစ်နိုင်ငံသား မစ္စတာ ခရစ္စတိုဖာကို ဒီကနေ့ တောင်ငူမြို့အရောက်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
2013-01-30
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ မြို့နယ်၊ အင်းလေးကန် အရှေ့ဖက် ကမ်းက အင်ကြင်းကုန်းကျေးရွာ အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဟိုတယ်ဇုန်စီမံကိန်းကြောင့် မြေယာသိမ်းခံထားရတဲ့ အင်ကြင်းကုန်း၊ ကန်ပဲ့၊ ရွာမကျေးရွာတွေက သံဃာတော်တွေအပါအဝင် ဒေသခံတောင်သူ ၁၅၀ ကျော်နဲ့ အာဏာပိုင်တွေအကြား မနေ့က မနက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
2013-01-30
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာနားမှာ အခြေစိုက်တဲ့ အမြှောက်တပ် (အမတ-၃၇၂) အနီးမှာ ဇန်နဝါရီ ၂၉ ရက်နေ့ မနေ့ည ၇နာရီလောက်က အစိုးရတပ် နဲ့ ကေအိုင်အေတပ်တွေကြား တစ်နာရီကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
2013-01-30
စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွဲရာမှာ မီးလောင်ကျွမ်းစေနိုင်တဲ့ အဖြူရောင် Phosphorousပါတဲ့ မီးလောင်ဗုံးကိုသုံးစွဲကြောင်း အမေရိကန်အခြေစိုက် နယူးရောက်စ်တိုင်းမ်စ် သတင်းစာက ဇန်နဝါရီလ ၃၀ရက်နေ့ ဒီကနေ့ ဖေါ်ပြလိုက်ပါတယ်။