ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို USAID က ဒေါ်လာ ၄.၂ သန်း ထပ်မံကူညီ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ် ခံစားခဲ့ရတဲ့ ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုအေဂျင်စီ USAID က ဒေါ်လာ ၄.၂ သန်း ဒုတိယအကြိမ် ထပ်မံကူညီခဲ့ပါတယ်။

2013.01.30
rakhine_refugee_305 ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခများကြောင့် မြောက်ဦးမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ မှီခိုနေကြတဲ့ ထွက်ပြေးတိမ်းရှောင် လာကြတဲ့ တိုင်းရင်းသားဒုက္ခသည်များကိုတွေ့ရစဉ်
Photo: RFA/Min Thein Aung

အမေရိကန်ပြည်ထောင်စုဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လအတွင်းက ပထမဦးဆုံးအကြိမ် ကူညီခဲ့ပါတယ်။ အခုတစ်ကြိမ်နဲ့ဆိုရင်  စုစုပေါင်းထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော်ရှိပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇန်နဝါရီလ ၃ဝ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို နည်သူမည်ဝါ မခွဲခြားပဲ နိုင်ငံတကာ အခြေခံမူတွေ၊ စံချိန်စံညွှန်းတွေအတိုင်း ကူညီထောက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။