သဘာဝဘေးရန်ပုံငွေ ခွဲဝေသုံးစွဲ ဖို့ ပြည်ထောင်စုလွှတ်တော် အတည်ပြု
2013.01.31

AFP
ပြည်ထောင်စု ဘဏ္ဍာငွေ သီးသန့်ရန်ပုံငွေကနေ လူမှုဝန်ထမ်း၊ နယ်စပ်ရေးရာ၊ ပညာရေး၊ ဆောက်လုပ်ရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ကာကွယ်ရေး စတဲ့ ဝန်ကြီးဌာန ၈ ခုတို့ရဲ့ သုံးစွဲငွေ စုစုပေါင်း ကျပ်သန်းပေါင်း တစ်သောင်းသုံးထောင်ကျော်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။
ပြည်ထောင်စု ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက အရင်က ပြည်သူတွေမသိခဲ့ရတဲ့ နိုင်ငံတော် ဘတ်ဂျက်ငွေ သုံးစွဲမှုတွေကို အခုပွင့်လင်းမြင်သာမှုရှိရှိ ချပြလာပေမဲ့ ဘယ်နေရာ ဘယ်ကဏ္ဍတွေမှာ ဘယ်လောက်သုံးစွဲတယ် ဆိုတာကိုလည်း ဖေါ်ပြသင့်တယ် လို့ RFA ကို ပြောပါတယ်။