လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှု ရှေ့နေများကွန်ရက် ထုတ်ပြန်ပြောဆို
2013.01.31

သူတို့ တွေ့ရှိချက်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်စခန်းကိုဖြိုခွင်းရာမှာ ဂျီနီဗာပြဌာန်းချက် (Geneva Convention) အရ တားမြစ်ထားတဲ့ မီးစုန်းအဖြူ (White Phosphorus) တွေသုံးတာ တွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။
အမေရိကန်နိုင်ငံက လူ့အခွင့်အရေး ရှေ့နေတစ်ချို့နဲ့ မြန်မာနိုင်ငံက ရှေ့နေတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ကြေးနီတောင်စီမံကိန်း ဒေသခံတွေနဲ့ တွေ့ဆုံပြီး သက်သေခံပစ္စည်းတွေ ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီ သက်သေခံ ပစ္စည်းတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဓါတ်ခွဲခန်းမှာ စမ်းသပ်ချက်အရ သပိတ်စခန်း ဖြိုခွင်းချိန်မှာအသုံးပြုတဲ့ မျက်ရည်ယိုဗုံးမှာ white phosphorus ခေါ် မီးစုန်းအဖြူ ၂၅% ပါဝင်တာ တွေ့ရတယ်လို့ပြောပါတယ်။
သပိတ်စခန်းကို ဖြိုခွင်းရာမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းရှိမရှိအပြင်၊ ပုဒ်မ ၁၈ အရ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသား အခွင့်အရေးကို ထိခိုက်မူရှိမရှိ စတဲ့ အချက်အလက်များကို စုစည်းပြီး စုံစမ်းရေး ကော်မရှင်ကို တင်ပြထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေများ ကွန်ရက်အဖွဲ့ဝင် ရှေ့နေ ဦးသိန်းသန်းဦး ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |