VISA အကြွေးကဒ်ကို ရန်ကုန်မြို့မှာ စတင်သုံးစွဲနိုင်ပြီ

မြန်မာနိုင်ငံမှာ နိုင်ငံတကာသုံး VISA အကြွေးကဒ် သုံးစွဲနိုင်တဲ့စနစ်ကို ရန်ကုန်မြို့မှာ မနေ့က စတင်လိုက် ပါတယ်။

2013.01.31
visa_yangon_305 VISA ကဒ်ဖွင့်ပွဲအခမ်းနားကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် Green Elephant စားသောက်ဆိုင်တွင် ဇန်နဝါရီ ၃၁ ရက်နေ့ကကျင်းပခဲ့ရာ တက်ရောက်လာသူများကို တွေ့ရစဉ်
Photo: RFA/Sai Tun Aung Lwin

VISA ကဒ် ဖွင့်ပွဲအခမ်းနားကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် Green Elephant စားသောက်ဆိုင်မှာ မနေ့ မနက်ပိုင်းက ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရတ်မစ်ချယ်၊ VISA ကုမ္ပဏီရဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာ ဆွမ်ဘွန် ခရော့ခ်တီရာနွမ်၊ VISA နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ မြန်မာအရှေ့တိုင်းဘဏ်က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ပြည်တွင်း ပြည်ပသတင်း မီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။

Green Elephant စားသောက်ဆိုင်ဟာ VISA ကဒ် အသုံးပြုပြီး ဝယ်ယူစားသောက်နိုင်တဲ့ ပထမဦးဆုံး စားသောက်ဆိုင်ဖြစ်လာသလို မကြာခင်ကာလမှာ ရန်ကုန်နဲ့ နိုင်ငံအနှံ့မြို့ကြီးတွေမှာရှိတဲ့ ဟိုတယ်တွေ၊ အဆင့်မြင့် ကုန်တိုက်တွေ၊ စားသောက်ဆိုင်အပါအဝင် နေရာအနှံ့မှာ VISA ကဒ်သုံးစွဲနိုင်အောင် ဆက်လက်ဆောင်ရွက်နေတယ်လို့ မြန်မာအရှေ့တိုင်းဘဏ် ဥက္ကဌ ဦးမြင့်သန်း က RFA ကို ပြောပါတယ်။

ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်နဲ့ မြန်မာအရှေ့တိုင်းဘဏ်တွေရဲ့ မြို့ကြီးတွေမှာရှိတဲ့ ဘဏ်ခွဲတွေမှာလည်း နိုင်ငံခြားသားတွေ VISA ကဒ်နဲ့ ငွေကြေးထုတ်ယူနိုင်တဲ့စနစ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။