သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-25
အင်းစိန်ထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့်ဟာ နှလုံးရောဂါနဲ့ စက်တင်ဘာ ၂၄ ရက်က သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-09-25
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပရယ်ဆော်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2023-09-25
အခုနှစ်မှာဆိုရင် သုံးလာတဲ့ဒရုန်းအရေအတွက်ပိုများလာသလို စစ်ကောင်စီရဲ့ ဒရုန်းရန်ကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်တဲ့အခြေအနေတောင် ရောက်နေပြီလို့ ဒရုန်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2023-09-25
ညောင်လေးပင်ခရိုင်က KNU ထိန်းချုပ်ထားတဲ့ ကျောက်ကြီးနဲ့ မုန်းမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ခဲ့လို့ အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က စက်တင်ဘာ ၂၄ မှာ သတင်းထုတ် ပြန်ပါတယ်။
2023-09-24
ဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထုတ်လုပ်တယ်လို့ ယူဆရကြောင်း၊ နယ်စပ်ဖြတ်ကျော်ပြီး မှောင်ခိုရောင်းဝယ်ဖို့ ထိုင်းနယ်စပ်အနီးက သိုလှောင်ရုံကို သယ်လာပုံရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
2023-09-24
အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံထဲက ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ကတော့ ဒေသတွင်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတဲ့ မြန်မာ့အရေးကို တစ်လုံးတစ်ပါဒမှ ထုတ်ပြောခဲ့တာမရှိပါဘူး။
2023-09-24
မြန်မာနိုင်ငံမှာနေထိုင်သူတွေ တရားမဝင် ကူးသန်းသွားလာနေတာနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတာတွေ များလာတာကြောင့် နယ်စပ်ကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီးလိုလာပြီး နယ်စပ်ခြံစည်းရိုးခတ်ဖို့ စီစဉ်နေကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
2023-09-24
မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လက်နက်ကိုင် ခုခံသူတွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
2023-09-24
ရေဖြူမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ခမောင်းချောင်းရွာက စစ်ဘေးဒုက္ခသည် ၁၀ ဦးကို ဖမ်းဆီးသွားပါတယ်။
2023-09-24
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ စစ်ကောင်စီကို ဝေဖန်ခဲ့တဲ့အတွက် တစ်ပတ်အတွင်း အရပ်သား ၂၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
2023-09-24
ရေဦးမြို့နယ် မူးသာကုံးရွာနဲ့ ရွာသာလေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2023-09-23
ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ဖွဲ့စည်းထူထောင်ဖို့နဲ့ ချင်းပြည်ကောင်စီဖွဲ့စည်းဖို့ ဆိုတဲ့အချက်တွေ သဘောတူခဲ့တယ်လို့ ချင်းပြည်ကောင်စီ ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2023-09-23
ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဝင်ငွေတွေထဲက ဆယ်ရာခိုင်နှုန်းကို ဝင်ငွေခွန် ကောက်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2023-09-23
နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့တိုင်းပြည်ကို ပြန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ဆန္ဒရှိကြတဲ့အတွက် သူတို့ နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ ဝန်ကြီးချုပ်က ပြောခဲ့တာပါ။
2023-09-23
မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။