သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-09-17
ကနေဒါအစိုးရက မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီ ဆယ်ပါတီကို ဖျက်သိမ်းလိုက်တဲ့အတွက် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။
2010-09-17
တရုတ်-မြန်မာနယ်စပ်ဒေသမှာ အပစ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နဲ့ မြန်မာစစ်အစိုးရ တပ်တွေအကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် နှစ်ဖက် အခြေအနေ တင်းမာနေတယ်လို့ သျှမ်းသံတော်ဆင့်မှာ စက်တင်ဘာ ၁၆ ရက် မနေ့က ဖော်ပြခဲ့ပါတယ်။
2010-09-17
စစ်အစိုးရကကျင်းပမဲ့ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာက အသိအမှတ်ပြုရေးနဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ စက်တင်ဘာ ၁၇ ရက် ဒီကနေ့ ကျင်းပနေတဲ့ ဆွေးနွေးပွဲကို ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီ အင်အားစုတွေက ကန့်ကွက်ရှုတ်ချကြကြောင်း သိရပါတယ်။
2010-09-17
ရွေးကောက်ပွဲ ကော်မရှင်က ကချင်၊ ကယား၊ မွန်နဲ့ ရှမ်းပြည်နယ်တွေမှာ စက်တင်ဘာလ ၁၆ ရက် နေ့စွဲနဲ ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတဲ့ နယ်မြေတွေ စာရင်းကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။
2010-09-17
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို စက်တင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်၊
2010-09-17
နိုဝင်ဘာလမှာ ကျင်းပမဲ့ မြန်မာ့ရွေးကောက်ပွဲဟာ လက်ရှိ မြန်မာစစ်အစိုးရရဲ့ အာဏာကို ဆက်ပြီး အသက်သွင်းဖို့ ကြိုးစားတဲ့ အတုအယောင် ရွေးကောက်ပွဲပဲ ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောကြားလိုက်ပါတယ်။
2010-09-17
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်ရပေမဲ့ မိမိတို့ရဲ့ လက်ရှိ မူဝါဒအတိုင်း ဆက်လက် ကိုင်စွဲသွားမှာ ဖြစ်ကြောင်း အရှေ့အာရှရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ် ကင်းဘဲလ်က ပြောကြားလိုက်ပါတယ်။
2010-09-16
KIA ကချင် လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေအကြား အခုရက်ပိုင်းအတွင်း တင်းမာမှုတွေ ပြင်းထန်နေတယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။
2010-09-16
ပါတီအဖြစ် မှတ်ပုံတင်ခွင့်မရခဲ့တဲ့ ကချင်ပြည်နယ်တိုးတက်ရေး KSPP ပါတီ ခေါင်းဆောင် ၁၂ ဦးက တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ တင်ပြခဲ့တာကို စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ကြောင်း သိရပါတယ်၊
2010-09-16
ရွေးကောက်ပွဲကော်မရှင်က ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးတွေမှာပဲ ကပ်ထားပြီး သက်ဆိုင်ရာပါတီတွေကို တိုက်ရိုက်အသိပေးတာ မရှိဘူးလို့ RFA က စုံစမ်းသိရပါတယ်။ ဒီလိုဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီတွေအနဲ့ ဝင်ပြိုင်မဲ့ဦးရေ အတိအကျ သိရဖို့နဲ့ မဲဆွယ်ရေးလုပ်နိုင်ဖို့ စောင့်ဆိုင်းနေရဆဲပဲလို့ သိရပါတယ်။
2010-09-16
အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းကြောင်း စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်က တဖက်သတ်ကြေညာ လိုက်တာတာကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ကြီးက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက် ပါတယ်။
2010-09-16
မကွေးမြို့မှာ ရေကြီးပြီး သစ်ပင်တွေ လဲတာကို ဓာတ်ပုံရိုက်ခဲ့တဲ့အတွက် ရန်ကုန်အခြေစိုက် Weekly Eleven သတင်းဂျာနယ်ရဲ့ မကွေးမြို့ သတင်းထောက် ကိုအောင်သူငြိမ်းကို မကွေးမြို့ အမှတ် (၁) မြို့နယ်ရဲတပ်ဖွဲ့ စခန်းဝင်းအတွင်းရှိ မြို့နယ်မှူးရုံးမှာ စက်တင်ဘာ ၁၅ ရက် မနေ့ကစပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
2010-09-16
ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားနေဆဲ ကိစ္စ လက်မခံနိုင်စရာဖြစ်ပြီး မြန်မာအရေးကိစ္စဟာ ဗြိတိန်အတွက် အရေးကြီးတဲ့ ကိစ္စရပ်တခု ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောကြားလိုက်ပါတယ်။
2010-09-16
ဗြိတိန်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန ဝန်ကြီးက မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီ တွေ လက်ရှိ ပေးနေတာထက် ပိုပေးဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
2010-09-16
မြန်မာ စစ်အစိုးရက အင်အယ်လ်ဒီ ပါတီကို နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စိုးရိမ်ပူပင်မိတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။