မြန်မာ့ရွေးကောက်ပွဲ အတုအယောင်ဖြစ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဝေဖန်
2010.09.17

ဒါ့အပြင် ရွေးကောက်ပွဲတွေဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခွင့်အလမ်းတခု ဖြစ်သင့်တဲ့အပြင်၊ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားတွေနဲ့ စစ်ပွဲတွေကို အဆုံးသတ်စေမဲ့ ရွေးကောက်ပွဲ ဖြစ်သင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခု နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေအရ ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စိတ်ပျက်စရာကောင်းပြီး ပြစ်တင်ရှုတ်ချသင့်တဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေကို ထောက်ခံအားပေးဖို့ ပိုမို ဆောင်ရွက်သင့်တဲ့ အခြေအနေဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mr. Hague က ပြောသွားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း David Miliband ကလည်း မြန်မာစစ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်သလို၊ မြန်မာပြည်သူတွေရဲ့ လည်မျိုကို ပိုညှစ်တဲ့ ရွေးကောက်ပွဲတွေပဲ ဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေဟာ တဖက်မှာ ရေငုံနှုတ်ပိတ် ခံထားရတဲ့ အခြေအနေ ရောက်နေသလို တဖက်မှာလည်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲနိုင်မဲ့ အခွင့်အလမ်းတွေအားလုံးကို ပိတ်ပင်ခံထားရ ကြောင်း၊ ဒါကြောင့် မြန်မာပြည်သူတွေကိုယ်စား မိမိတို့ ဘာလုပ်မလဲဆိုတာ အရေးကြီးကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်းက ပြောပါတယ်။