မြန်မာနှင့် တရုတ်၊ အမေရိကန် ဆက်ဆံရေး ပညာရှင်များ ဆွေးနွေး

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို စက်တင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်၊

တရုတ်သမတ ဟူဂျင်တောင် (အလယ်-ဝဲ)နှင့် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အလယ်-ယာ) တို့ကို စက်တင်ဘာ ၈ ရက်နေ့က တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့တော် ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ကြိုဆိုပွဲ အခမ်းအနားတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
တရုတ်သမတ ဟူဂျင်တောင် (အလယ်-ဝဲ)နှင့် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အလယ်-ယာ) တို့ကို စက်တင်ဘာ ၈ ရက်နေ့က တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့တော် ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ကြိုဆိုပွဲ အခမ်းအနားတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) ((Photo: AFP))

0:00 / 0:00

အဓိက ဟောပြောဆွေးနွေးတဲ့ ပညာရှင်ကတော့ အမေရိကန်တက္ကသိုလ် အာရှလေ့လာရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ကွမ်ရှန် ကျောက် (Quansheng Zhao) ဖြစ်ပြီး ၊ အကြောင်းအရာကတော့ မြန်မာ၊ တရုတ်၊ အမေရိကန် ဆက်ဆံရေး ဖြစ်ပါတယ်၊၊

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြိး တရုတ်က ဘယ်လို အကျိုးစီးပွားတွေ ကြည့်ပြီး ဆက်ဆံပါသလဲ။ အမေရိကန်ကရော မြန်မာနဲ့ ဘယ်လို အကျိုးစီးပွားတွေနဲ့ ဘယ်လို ဆက်ဆံနေပါသလဲ စတဲ့ မေးခွန်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆွေးနွေးသွားပါတယ်။

နောက်ဆုံးတချက်အနေနဲ့ မြန်မာကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်အကြား ပဋိပက္ခ အသွင်နဲ့ ရှင်းရမှာလား ပူးပေါင်း ဆောင်ရွက်မှု ဖြစ်လာမလားဆိုတဲ့ အချက်ဖြစ်ပါတယ်လို့ ဆွေးနွေးမဲ့ အကြောင်းအရာ အကျဉ်းချုပ်ကို ပြောပြသွားခဲ့ပါတယ်၊ တရုတ်နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးမှာ၊ စီးပွားရေး အကျိုးစီးပွားနဲ့ တရုတ်မြန်မာနယ်စပ်က မြန်မာနိုင်ငံဖက်ခြမ်းမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေ အရေးတွေနဲ့ ဆက်စပ်နေတယ်လို့ ပါမောက္ခ ဒေါက်တာ ကွမ်ရှန် ကျောက် Quansheng Zhao က ပြောဆိုခဲ့ပါတယ်၊

ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ ဒီရွေးကောက်ပွဲ ဖြစ်ခဲ့ရင် အမေရိကန်နဲ့ အနောက်တိုင်းနိုင်ငံတွေက ပြစ်တင် ဝေဖန်ပြီး တရုတ်ကတော့ လက်ခံမှာ ဖြစ်ကြောင်း၊ အာဆီယံကတော့ လက်မခံနိုင်ပေမဲ့လည်း ကန့်ကွက်တာမျိုး မလုပ်ပဲ ငြိမ်နေလိုက်တာမျိုးပဲ ဖြစ်လာနိုင်ကြောင်း ပြောပါတယ်၊

ဒီဆွေးနွေးပွဲ အကြောင်းနဲ့ပတ်သက်ပြီး တက်ရောက် သတင်းယူခဲ့တဲ့ RFA အဖွဲ့သား ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။

အသံဖိုင်ယူရန်