NLD ကို ဖျက်သိမ်းသည့်သတင်း ကုလ အတွင်းရေးမှူးချုပ် စိုးရိမ်
2010.09.16

(UN Photo/Mark Garten)
မြန်မာစစ်အစိုးရက အင်အယ်လ်ဒီ အပါအဝင် နိုင်ငံရေးပါတီ ၁၀ ခုကို ဖျက်သိမ်းလိုက်တယ်ဆိုတာကြောင် ပူပင်ကြောင့်ကြစိတ်ဖြစ်ရတယ်။ နိုင်ငံရေးပါတီတွေ စိတ်ပါဝင်စားသူတွေ အားလုံး တပြေးညီ ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်အောင် စစ်အစိုးရအနေနဲ့ လုပ်ဆောင်ဖို့ ထပ်မံ တိုက်တွန်းလိုက်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီဇားကီးက ပြောကြားပါတယ်။
စက်တင်ဘာ ၁၅ ရက် မနေ့က စောစောပိုင်းကလည်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိ အရာရှိက စစ်အစိုးရ ကြေညာချက်နဲ့ ပတ်သက်လို့ အံ့သြ တုန်လှုပ်မိကြောင်း၊ အခုပုံစံအတိုင်းဆိုရင် နိုဝင်ဘာလ ရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်ဖွယ် မရှိတော့တဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။